သွားဘက်ဆိုင်ရာပြဿနာ (သို့မဟုတ်) အခြားရောဂါ/အခြေအနေတစ်မျိုးမျိုးကြောင့် သွား၊ သွားဖုံးနှင့် သွားများ၏ ဖွဲ့စည်းတည်ဆောက်မှုအတွက် အထောက်အကူပေးနေသော အင်္ဂါအစိတ်အပိုင်းတစ်ခုခုတွင် နာကျင်ကိုက်ခဲမှုဝေဒနာခံစားရခြင်းကို သွားကိုက်ခြင်းဟု ဆိုလိုသည်။

အဓိကဖြစ်စေသောအကြောင်းရင်းများ

– သွားပိုးစားခြင်း၊ သွားပြည်တည်ခြင်း

– သွားကျိုးခြင်း

– သွားပေါက်ဖာထေးမှု ပျက်စီးခြင်း

– သွားမကြာခဏကြိတ်ခြင်း

– သွားဖုံးပိုးဝင်ခြင်း

– သွားကြားတွင် အစာအကြွင်းအကျန်နှင့် အစအနများ စုပုံခြင်း

ခံစားရနိုင်သော လက္ခဏာများ

– သွားတွင် အဆက်မပြတ် ပြင်းထန်စွာ နာကျင်ကိုက်ခဲခြင်း (အချို့သူများတွင်မူ သွားကို ဖိအားတစုံတရာ သက်ရောက်မိသည့်အခါမှသာ နာကျင်မှုခံစားရလေ့ရှိတတ်သည်။)

– သွား၏အနီးပတ်ဝန်းကျင်တွင် ရောင်ယမ်းနေခြင်း

– အဖျားတက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ နားကိုက်ခြင်း

– နာနေသောသွားမှ အနံ့အရသာဆိုးသည့်အရည်များ ထွက်ခြင်း

မည်သည့်အချိန်၌ သွားဆရာဝန်နှင့် သွားရောက်ပြသသင့်သနည်း။

၁။ သွားကိုက်ခြင်းသည် သက်သာပျောက်ကင်းမှုမရှိဘဲ အချိန် ၁ ရက်(သို့မဟုတ်)၂ ရက်ကျော် ကြာမြင့်နေခြင်း

၂။ နေ့စဉ်လုပ်ငန်းဆောင်တာများ ပျက်ယွင်းသည်အထိ မခံမရပ်နိုင်အောင် ဆိုးရွားပြင်းထန်စွာ သွားကိုက်ခြင်း

၃။ အဖျားတက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ နားကိုက်ခြင်း၊ ပါးစပ်ဟသည့်အခါနာကျင်ခြင်း စသည့်လက္ခဏာများ ခံစားရပါက သွားဆရာဝန်နှင့် အလျင်အမြန် သွားရောက်ပြသသင့်သည်။

သွားကိုက်ခြင်းမဖြစ်စေရန် ကာကွယ်နည်း

၁။ တစ်နေ့လျှင် နှစ်ကြိမ်ပုံမှန် သွားတိုက်ပါ။

၂။ အစာစားပြီးတိုင်း သွားကြားတွင် အစာအကြွင်းအကျန်များ မကျန်ရှိစေရန် ချည်ကြိုးဖြင့် သန့်စင်ပေးပါ။

၃။ အချိုများသော အစားအစာများကို အလွန်အကျွံစားသုံးခြင်းမှ ရှောင်ကြဉ်ပါ။

၄။ သင့်တွင် သွားဘက်ဆိုင်ရာပြဿနာရှိ/မရှိကို သက်ဆိုင်ရာ သွားဆရာဝန်တစ်ဦးဦးနှင့် ပုံမှန်ပြသစစ်ဆေးပါ။

သွားကိုက်ခြင်းကို သက်သာစေသော သဘာဝဆေးဖက်ဝင်အပင်များ

– ချင်း၊ နနွင်း

– ကြက်သွန်ဖြူ၊ ကြက်သွန်နီ

– ဂေါ်ဖီထုပ်

– သံပရာသီး

– လေးညှင်း

– မာလကာရွက်

– လက်ဖက်စိမ်းရွက်

– လာဗင်ဒါပန်း (Lavender)

– လိမ္မော်မြစ် (Goldenseal)

– စမုန်ဖြူ (Thyme)

– ပင်စိမ်း (Peppermint)

– ဂျုံမြက်နု (Wheatgrass)

– ရှိန်းခို (Asafoetida)

ရဲခိုင်(ဆေး – ၂)

Health Care