၁။ သွားအပေါ်ယံကြွေသားများ မပျက်စီးအောင် ဂရုစိုက်ပါ။

– သကြားပါဝင်မှုများသော ဘိလပ်ရည်များ၊ ကော်ဖီ၊ အချိုများသော သစ်သီးဖျော်ရည်နှင့် အဆာပြေမုန့်များက သင့်သွား အပေါ်ယံ ကြွေသားများကို ပျက်စီးစေပြီး သွားပိုးစားခြင်းဖြစ်ရန် အားပေးသည်။ ထို့ကြောင့် အစားအစာများကို မဝယ်ယူမီ အညွှန်းကို သေချာစွာ ဖတ်ရှုရန်လိုအပ်ပြီး သကြား ပါဝင်မှုနည်းသော အစားအစာများကို ရွေးချယ်ဝယ်ယူသင့်သည်။

၂။ အာဟာရပြည့်ဝသော အစားအစာများကို စားသုံးပါ။

– သွားကျန်းမာရေးအတွက် နေ့စဉ် အစာအုပ်စုသုံးမျိုးကို မျှတအောင် စားပေးသင့်သည်။ နို့ နှင့် နို့ထွက်အစားအစာများ၊ အသား၊ ငါး နှင့် ဥ အမျိုးမျိုးတွင် ပါဝင်သော ကယ်လ်စီယမ ်နှင့် ဖော့စ်စဖောရပ်စ်ဓာတ်တို့က သွားများကို ခိုင်ခံ့စေပြီး သွားအပေါ်ယံကြွေသားများ ပျက်စီးခြင်းမှ လည်း ကာကွယ်ပေးသည်။

၃။ ဆေးလိပ်၊ ဆေးရွက်ကြီးကို ရှောင်ပါ။

– ဆေးလိပ်သောက်ခြင်း၊ ကွမ်းစားခြင်းနှင့် အခြားဆေးလိပ်၊ ဆေးရွက်ကြီးထွက်ပစ္စည်းများ သုံးစွဲခြင်းကြောင့် ခံတွင်းကင်ဆာ နှင့် သွားဖုံးရောဂါများ ဖြစ်ပွားနိုင်ပြီး သင့်ကို ရုပ်ဆိုးအကျည်းတန်စေ သဖြင့် လုံးဝရှောင်ကြဉ်ရမည်။

၄။ ကော်ဖီ၊ လက်ဖက်ရည်နှင့် ဝိုင်နီများကို လျှော့သောက်ပါ။

– ၎င်းတို့တွင်ပါဝင်သော Chromogens အမည်ရှိ ရောင်ခြယ်ပစ္စည်းများက သင့်သွားအပေါ်ယံ ကြွေသားများကို ကပ်တွယ်ပြီး အစွန်းအထင်းများ ဖြစ်စေသည်။ ထို့ကြောင့် ကော်ဖီ၊ လက်ဖက်ရည်နှင့် ဝိုင်နီတို့ကို လျှော့သောက်ပြီး ဖလိုရွိုက်ပါသောသွားတိုက်ဆေး နှင့် လည်း တစ်နေ့ နှစ်ကြိမ်ပုံမှန် သွားတိုက်ပေးသင့်သည်။

၅။ ရေများများသောက်ပါ။

– နေ့စဉ် ရေများများ သောက်ခြင်းက သွား နှင့် ခံတွင်းကို သန့်စင်စေပြီး ပါးစပ်တွင်းရှိ ဘက်တီးရီးယားပိုးများ ပေါက်ပွားနိုင်သော စားကြွင်းစားကျန်များကို ရှင်းလင်း ပေးသောကြောင့် သွားပိုးစားခြင်းမှ ကင်းဝေးစေသည်။

၆။ သွားဆရာဝန်နှင့် မကြာ ခဏပြသပါ။

– သင့်တွင် သွားနှင့်ခံတွင်း ဆိုင်ရာ ပြဿနာတစ်ခုခု ဖြစ်ပွားနေပါက သွားဆရာဝန ်နှင့် စောစီးစွာပြသပြီး ကုသမှုခံယူခြင်းဖြင့် နောက်ဆက်တွဲ ဆိုးကျိုးများ ခံစားရခြင်းမှ ကင်းဝေးစေမည်ဖြစ်သည်။

 ဒေါက်တာရဲခိုင်ဦး

Health Care