အမေရိကန်နိုင်ငံရှိ သုတေသီ များ၏ လတ်တလောလေ့လာထား ချက်အရ သွေးတိုးရောဂါဝေဒနာ ရှင်များအနေဖြင့် သွေးတိုးကျဆေး နှင့်အတူ ဖောလစ်အက်ဆစ်အား ဆေးကို နေ့စဉ် လေးနှစ်အထိ သောက်ပေးခြင်းက လေသင်တုန်း ဖြတ်မှု ဖြစ်ပွားနိုင်ခြေကို ၇၃ မှ ၇၅ ရာခိုင်နှုန်းအထိ လျော့ကျစေကြောင်း သိရသည်။

ဖောလစ်အက်ဆစ် တစ်နည်း အားဖြင့် ဗီတာမင် B9 အားဆေး သည် လူ၏သွေးအတွင်း လှည့် ပတ်နေသော   (Homocysteine) အမည်ရှိ အမိုင်နိုအက်ဆစ်တစ်မျိုး၏ ပမာဏကို လျော့နည်းစေခြင်းဖြင့် လေသင်တုန်းဖြတ်မှုကို တားဆီးပေးကြောင်း သုတေသီများက ဖော်ပြထားသည်။ အဆိုပါ သုတေသနကို အမေရိကန်နိုင်ငံရှိ သွေးတိုးရောဂါ ဝေဒနာရှင် (၁၀,ဝဝဝ) အား သွေးတိုးကျဆေး (Enalapril) နှင့်အတူ ဖောလစ်အက်ဆစ်အား ဆေးကို လေးနှစ်သောက်စေကာ ရလာဒ်ကို စောင့်ကြည့်လေ့လာခဲ့ ကြခြင်းဖြစ်သည်။

နှစ်စဉ် ကမ္ဘာပေါ်၌ လူဦးရေ ၁၅ သန်းခန့် လေသင်တုန်းဖြတ်မှု ဖြစ်ပွားနေပြီး ၎င်းအနက်မှ ၅.၈ သန်းသည် အဆိုပါ အခြေအနေကြောင့် အသက်ဆုံးရှုံးနေရကြောင်း သိရသည်။ သို့ဖြစ်ရာ ယခု လေ့လာ တွေ့ရှိမှုအရ ဖောလစ်အက်ဆစ် အားဆေးသည် ကိုယ်ဝန်ဆောင် အမျိုးသမီးများအတွက်သာမက သွေးတိုးရောဂါဝေဒနာရှင်များအ တွက်ပါသင့်လျော်ပြီး ဘေးကင်းစွာသောက်သုံးနိုင်ကြောင်း လည်း သုတေသီများက အကြံပြုထားသည်။

ဒေါက်တာရဲခိုင်ဦး

Health Care