လူအများစုက သွေးထဲရှိ ဂလူးကို့စ် စစ်ဆေးခြင်းကို ဒုတိယအကြိမ် ပြန်မလုပ်ကြဘူး။ ဆီးချိုရောဂါရှိမှသာ ပြန်စစ်ဆေးခြင်းကို ပြုတတ်တယ်။ ဆီးချိုရောဂါရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ နေ့စဉ်စားတဲ့ အစားအစာမှာ သကြားဓာတ်များရင် သွေးထဲမှာ သကြားဓာတ်များလာပြီး သွေးကြောတွေကို ထိခိုက်လာကာ ကော်လက်စထရော မြင့်တက်လာရာက နှလုံးရောဂါဖြစ်နိုင်ခြေကို တိုးပွားစေတယ်လို့ သုတေသီတွေ သိထားကြတယ်။

ယင်းသို့ သဘောပေါက်မိခြင်းဟာ နေ့စဉ်စားတဲ့ အစားအစာ၊ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ကျွနု်ပ်တို့နားလည်တဲ့ ပုံစံမှာ ပြောင်းလဲမှုဖြစ်တယ်။ နေ့စဉ်စားတဲ့ အစားအစာမှာ တော်ရုံသင့်ရုံ ပြောင်းလဲမှုကတောင် သင့်အား ပိုကျန်းမာစေတဲ့ လမ်းကြောင်းပေါ် စတင်စေနိုင်ပြီး ချက်ချင်းပိုတက်ကြွကာ ခွန်အားရှိစေနိုင်တယ်။

သကြား၏ ဆွဲဆောင်မှု

အမြန်လန်းဆန်းကြည်လင်မှုတစ်ခု လိုအပ်တဲ့အခါမှာ သင်ဟာ တုတ်ထိုးသကြားပြား၊ ဋ္ဌာပနာမုန့်ချို၊ သကြားများများပါတဲ့ဒိုးနတ် ဒါမှမဟုတ် ဘီစကစ်တစ်ထုပ်ကို ရယူဖို့ ကြိုးပမ်းမလား။ ဒီအစားအစာတွေဟာ အလွယ်တကူရရှိနိုင်ပြီး သင့်ဝမ်းဗိုက်ထဲမှာ အချိန်သိပ်မယူရဘဲ ပျော်ဝင်သွားတယ်။ နောက်တော့ သွေးထဲ အမြန်ဝင်ရောက်ပြီး သင့်ခန္ဓာကိုယ်ကို သွေးထဲရှိ ဂလူးကို့စ်က လွှမ်းသွားတယ်။ ပြဿနာက ဒီလိုဖြစ်လာ တာဟာ ကြာကြာမခံလို့ အရင်ထက် ပိုဆိုးလာပြီးနောက် အစာစားချိန် မတိုင်မီ ပြန်ဆာလာတယ်။

ကျွနု်ပ်တို့ နေ့စဉ်စားတဲ့ အစားအစာမှာ ဂလူးကို့စ်များတဲ့ အစာတွေနဲ့ပြည့်နေတယ်။ ကျွနု်ပ်တို့ဟာ ကြိုက်သလောက် အင်အားမရဖြစ်နေပြီး။ မကြာခဏ နုန်းခွေနေတာကို ခံစားရတယ်။ ကိုယ်အလေးချိန်က လိုချင်တာထက်ပိုနေတာဟာ မအံ့သြပါ။ များများစားပြီး ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း နည်းနည်းသာ လုပ်ရင် ပိုဝလာမှာပဲ။

သွေးထဲရှိဂလူးကို့စ် ဘာကြောင့်အရေးကြီးသလဲ

ကျွနု်ပ်တို့ အများစုဟာ အများကြီးစားပြီးနောက် သွေးထဲရှိ ဂလူးကို့စ်တက်လာတဲ့အခါ ကျွနု်ပ်တို့ရဲ့ခန္ဓာကိုယ်က နာရီအနည်းငယ်အတွင်း ပုံမှန်အတိုင်းဖြစ်သွားအောင် ပြဿနာမရှိဘဲ ပြန်ချပေးနိုင်တယ်။ ကုသခြင်းမရှိတဲ့ ဆီးချိုရောဂါရှိနေတဲ့သူတွေမှာသာ တစ်ချိန်လုံးမြင့်တက်နေတဲ့ သွေးထဲဂလူးကို့စ် အဆင့်မှာရှိတယ်။ သွေးထဲ ဂလူးကို့စ် အဆင့်တွေအပေါ် အစားအစာရဲ့အကျိုးဆက်နဲ့ ပတ်သက်ပြီး ဒီအုပ်စုသာ စိုးရိမ်ပူပန်ဖို့ လိုအပ် ကြောင်း ဆရာဝန်တွေက စဉ်းစားကြတယ်။ ကျန်းမာတဲ့လူမှာတောင် အစာစားပြီးမြင့်တက်တဲ့ သွေးထဲ ဂလူးကို့စ်အဆင့်က ဆီးချိုရောဂါ မဖြစ်ရင်တောင် ခန္ဓာကိုယ်ကို ထိခိုက်နိုင်တယ်ဆိုတာ သိတယ်။

သွေးထဲ ဂလူးကို့စ် မြင့်တက်နေတာကို ထိန်းချုပ်နိုင်တဲ့နည်းတွေရှိပါတယ်။ နေ့စဉ်စားတဲ့ အစားအစာမှာ သကြားဓာတ်ပါလို့ အစားအစာကို ဆင်ဆင်ခြင်ခြင်စားခြင်းဖြင့် ထိန်းချုပ်ကြပါစို့။

၁။ သကြားဓာတ်နည်းတဲ့ ကစီဓာတ်ကို ရွေးချယ်ပါ။ ကစီဓာတ်ပမာဏကိုလည်း သင့်တင့်မျှတပါစေ။

တဖြည်းဖြည်း အကျိုးသက်ရောက်တဲ့ ကစီဓာတ်ကို ရွေးချယ်ပါက သွေးထဲရှိ ဂလူးကို့စ်ကို နည်းစေနိုင်တယ်။ သင်ရွေးချယ်တဲ့ ကစီဓာတ်ဟာ ဘယ်အမျိုးအစားလဲဆိုတာ အရေးမကြီးပါ။ ပမာဏကိုသာ ဂရုစိုက်ဖို့လိုပါ တယ်။

၂။ ကစီဓာတ်သုံးပွဲမှာ ဂျုံနဲ့လုပ်တာပါပါစေ

ကစီဓာတ်ကို စားတဲ့အခါမှာ ဂျုံ နဲ့လုပ်တာကို ရွေးချယ်ပါ။ ၎င်းက နှလုံးရောဂါနဲ့ ဆီးချိုရောဂါတို့၏ သွေးထဲ ဂလူးကို့စ်ပေါ် ၎င်းတို့၏ အကျိုးဆက်များကို သီးခြားစီ ကာကွယ်ပေးတယ်။

၃။ သစ်သီးသုံးပွဲနဲ့ ဟင်းသီးဟင်းရွက်ငါးပွဲ နေ့စဉ်စားပါ။

သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေအများစုမှာ ကစီဓာတ်ပါဝင်မှုနည်းပြီး ဗီတာမင်တွေ၊ သတ္တုဓာတ်တွေ၊ အမျှင်နဲ့ ကျန်းမာရေးအတွက် ကာကွယ်တဲ့ ဓာတ်ပေါင်းတွေနဲ့ ပြည့်နေပါတယ်။ သစ်သီးတွေကိုစားပြီး ဟင်းသီးဟင်းရွက် ကို ကစီဓာတ်များတဲ့ ဟင်းပွဲတွေမှာ ရောပြီးစားရင် သွေးထဲဂလူးကို့စ်အတွက် အန္တရာယ်မရှိတော့ပါ။

၄။ အစားအစာတိုင်းမှာ ပရိုတိန်းပါပါစေ

ပရိုတိန်းက အစားအစာထဲမှာပါတဲ့ သကြားဓာတ်ကို လျော့သွားစေတယ်။ ၎င်းက ဆာလောင်မှုကို ဟန့်တား ပေးလို့ ကိုယ်အလေးချိန်လျော့ဖို့ ပိုလွယ်ပါတယ်။

၅။ ကောင်းတဲ့အဆီကို ပိုမိုနှစ်ခြိုက်ပါ

မကောင်းတဲ့ ပြည့်ဝဆီဟာ သွေးထဲဂလူးကို့စ်ကို ထိန်းချုပ်တဲ့ သင့်ရဲ့စွမ်းရည်ကို နှောက်ယှက်နိုင်တယ်။ ကောင်းတဲ့မပြည့်ဝဆီဟာ ထိန်းချုပ်ရာမှာ ခန္ဓာကိုယ်ကို ကူညီပေးတယ်။ ကောင်းတဲ့ဆီဟာ အစားအစာမှာပါတဲ့ သကြားဓာတ်ကိုလည်း လျော့စေတယ်။

၆။ နည်းနည်းပဲစားပါ

ကစီဓာတ်များတဲ့ အစားအစာကိုသာ ပြောနေခြင်းမဟုတ်ပါ။ အစားအစာ အားလုံးနဲ့ ပတ်သက်ပါတယ်။ သကြားဓာတ်နည်းတဲ့ နေ့စဉ်စားတဲ့ အစားအစာကို စားတဲ့အခါမှာပင် ကယ်လိုရီကို ထည့်တွက်ရမယ်။ ကယ်လိုရီကို ဖြတ်တောက်ခြင်းက အင်ဆူလင်ခုခံနိုင်မှုကို တိုက်ရန်ကူညီပေးပြီး ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းနှင့်အတူ ကိုယ်အလေးချိန်လျော့အောင် လုပ်တဲ့နည်းဖြစ်နေဆဲပါ။

၇။ သင့်အစားအစာထဲမှာ ချဉ်တဲ့စားစရာ ထည့်စားပါ

နေ့စဉ်စားတဲ့ အစားအစာတွေရဲ့ ‘သွေးထဲဂလူးကို့စ်ရဲ့အကျိုးဆက်’ လျော့ပါးစေဖို့ ချဉ်တဲ့အစာကို ထည့်စားခြင်းဟာ အလွန်အံ့သြဖွယ်ကောင်းတဲ့နည်း ဖြစ်တယ်။ သွေးထဲ ဂလူးကို့စ်ကို သိပ်မတက်အောင် ထိန်းပေးတဲ့ ထူးခြားတဲ့ အရသာကိုဖြစ်စေတဲ့ အရည်ကြည်အက်စစ်ဟာ အချဉ်အရသာရှိတဲ့ဓာတ်ပေါင်း ဖြစ်တယ်။ ရှာလကာရည်၊ အချဉ်သနပ်နဲ့ ချဉ်တဲ့မုန့်နှစ်နဲ့လုပ်တဲ့ ပေါင်မုန့်တို့မှ ရရှိနိုင်တယ်။ အရွက်သုပ်တွေနဲ့ အခြားအစားအစာတွေမှာ ရှာလကာရည် ဖြည့်စွက်စားရင် သွေးထဲဂလူးကို့စ်အဆင့် လျော့သွားတယ်လို့ ဆိုကြတယ်။သံပရာရည်စတဲ့ အချဉ်ရည်တွေဟာလည်း သွေးထဲရှိဂလူးကို့စ်ကို ထိန်းရာမှာ ကူညီပေးတယ်။

နှင်းအေးဝေ

Health Care

 

LEAVE A REPLY

Please enter your comment!
Please enter your name here