လေ့လာမှုသစ်အရ “စပီရူ လိုင်းနား” စိမ်းပြာရေညှိက သွေးပေါင်ချိန် လျော့ကျစေတယ်လို့ဆိုတယ်။ သုတေသီတွေဟာ စွမ်းအားပြည့်ဒြပ်ပေါင်းက ကျန်းမာရေး အကျိုးရှိမှုကို သတိပြုမိခဲ့တာဖြစ်တယ်။

သိပ္ပံပညာရှင်တွေအနေနဲ့ ဂီယာတစ်ခု တွန်းတင်လိုက်သလို အာဟာရဆိုင်ရာပစ္စည်းတွေက ကျန်းမာရေးအကျိုးအတွက် စွမ်းအားမြင့်ကြောင်း တွေ့ရှိထားကြတာဖြစ်တယ်။

အာဟာရတွေကြား စပီရူလိုင်းနား စိမ်းပြာရေညှိတွေက ရှေ့တန်း ရောက်လာတာ သိပ်မကြာသေးပါဘူး။ ယနေ့မှာ စိမ်းပြာရေညှိပါဝင်မှုက သေချာတဲ့ကျန်းမာရေး ကောင်းစေတဲ့အစာဖြစ်ကြောင်း ရှေးနဲ့ ရှေးဟောင်းအာဖရိက (Azteos and Ancient Africa)မှာ ကြာမြင့်စွာသိရှိခဲ့ကြတယ်။ သမိုင်းကာလကတည်းက ရှေးဟောင်း တိုင်းရင်းဆေးအဖြစ် ကိတ်မုန့်တွေမှာ စပီရူလိုင်းနားကို အသုံးပြုခဲ့ ကြတယ်။

စပီရူလိုင်းနား စိမ်းပြာရေညှိ မှာ ပရိုတိန်း၊ သံဓာတ်နဲ့ အခြား အာဟာရတွေ မြင့်မားစွာပါဝင် ကြောင်း စိတ်ဝင်စားမှုမြင့်တက်ခဲ့ ပြီးနောက် နာတာရှည်အာဟာရ ချို့တဲ့ခြင်း၊ ခရီးရှည်သွားရမယ့် ခရီးတွေနဲ့ အစားအသောက်လုံခြုံရေးတွေမှာ ပိုမိုသုံးစွဲလာခဲ့ကြတယ်လို့ဆိုတယ်။

ဒေါက်တာသက်လွင်(ပြည်သူ့ကျန်းမာရေး)

Health Care