ဟင်းသီးဟင်းရွက်တွေမှာ ဆီ သို့မဟုတ် ရေမှာပျော်ဝင်တဲ့ အင်တီအောက်ဆီးဒင့် ဓာတ်တိုးဆန့်ကျင် ပစ္စည်း တွေ ပါဝင်တယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းဆိုတာ ဆီနဲ့တွဲနေမှပဲ ခန္ဓာကိုယ်က ကောင်းကောင်း စုပ်ယူအသုံးချ နိုင်တယ်။ ရေမှာ ပျော်ဝင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းဆိုတာ ရေမှာ အလွယ်တကူပဲပျော်ဝင်နိုင်တဲ့ သတ္တိရှိ တယ်။ ယင်းဓာတ်တိုးဆန့်ကျင်ပစ္စည်းပါတဲ့ အသီးအရွက်တွေ လှီးပြီးမှ ရေဆေးရင် ရေမှာ ပျော်ဝင်ပျောက်ပျယ် သွားနိုင်တယ်။ သိပ္ပံပညာရှင် ဒေါက်တာဘရက်ဒီဘိုလင်းရဲ့ “စူပါဖြည့်စွက်ခြင်း”မှာ အစာတွေကနေ ကျန်းမာရေးအကျိုးအမြတ် အများဆုံးရရှိစေတဲ့နည်းလမ်းတွေ ကိုဖော်ပြထားတယ်။

ခရမ်းရောင်အာလူးနဲ့ ကန်စွန်းဥ

နနွင်း သို့မဟုတ် မဆလာအမှုန့်လူးပြီး မီးဖုတ်ခြင်း၊ ရေနဲ့ပြုတ်ခြင်းက ဥအတွင်း အနည်းငယ်သာပါဝင်တဲ့ အင်တိုစိုင်ရာနင်(ခေါ်) အရောင်ဓာတ်တွေ ရေမှာ ပျော်ဝင်သွားနိုင်တယ်။ မီးဖုတ်၊ မီးကင်ခြင်းက ယင်းကို ထိန်းသိမ်းထားနိုင်တယ်။ နနွင်းနဲ့ ဟင်းခတ်အမွှေးအကြိုင်တို့မှာ ပိုကိုဓာတုအပင်ဓာတ်ပစ္စည်းတွေ ပေါကြွယ်ဝ လို့ ရောဂါတိုက်ဖျက်နိုင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကို နှစ်ဆပိုပေးနိုင်မှာဖြစ်ပါတယ်။

ကိုက်လန်ရွက်

ကိုက်လန်ရွက်ကို အာဟာရဓာတ်မဆုံးရှုံးအောင် သံလွင်ဆီအနည်းငယ်နဲ့ ကြော်စားသင့်တယ်။ ကိုက်လန်ရွက် ဟာ ရေမှာပျော်ဝင်လွယ်တဲ့ ပိုလီဖီနောလ်ဓာတ်ပစ္စည်း ပေါကြွယ်ဝတယ်။ ကိုက်လန်ရွက်ကို ရေငွေ့နဲ့ပေါင်းရင်၊ ရေနဲ့ပြုတ်ရင် ယင်းဓာတ်ပစ္စည်းတွေ ပျော်ဝင်သွားမယ်။ သံလွင်ဆီအနည်းငယ်နဲ့ကြော်ခြင်းက ယင်းဓာတ်ပစ္စည်းကို ထိန်းသိမ်း ထားနိုင်တဲ့အတွက် အပင်မှာပါဝင်တဲ့ ဆီမှာပျော်ဝင်နိုင်သောကာရောတီနိုက်ဓာတ်ကို ခန္ဓာကိုယ်မှ စုပ်ယူခြင်းကို အားပေးကူညီတယ်။

ကြက်သွန်နီ

ကြက်သွန်နီကို သပ်ပုံစံဖြစ်အောင်လှီးပြီး ၁၅ မိနစ်ခန့် လေသလပ်ထားရမယ်။ သည့်နောက် ၃၇၅ – ၄ဝဝ ဒီဂရီ ဖာရင်ဟိုက် အပူအတွင်းမှာ မိနစ် ၂ဝ ကင်ရမယ်။ လေသလပ်ခြင်းက ကျန်းမာရေးအဆင့်မြှင့်ပေးတဲ့ ဆာလဖာ ကွန်ပေါင်းအင်ဇိုင်းတွေ ဖွဲ့စည်းထားတယ်။ ကြက်သွန်နီမီးကင်ခြင်းက အပင်ဓာတ်ပစ္စည်းတွေကို ထိန်းသိမ်း ထားနိုင်ပြီး ပြင်းချိုတဲ့အရသာနဲ့ မီးကင်လို့မွှေးတဲ့အနံ့ပါရရှိမှာ ဖြစ်ပါတယ်။

ပြောင်းဖူး

အဖူးလိုက်မီးဖုတ်ပြီး အစေ့ကိုလှီးထုတ်ကာ စမုန်ဖြူ၊ ပင်စိမ်းတို့နဲ့အတူ နွားနို့၊ ကြက်သွန်၊ ဝက်ပေါင်ခြောက်၊ အာလူးတို့နဲ့ စမိုင်ချက်ထားရင်ကောင်းတယ်။ ပြောင်းဖူးကို မီးဖုတ်ခြင်းနဲ့ အနံ့က မွှေးစေတယ်။ ဟင်းရွက်နဲ့အတူ အရည်သောက်ခြင်းက ပြောင်းဖူးအတွင်းရှိ ရေမှာပျော်ဝင်နိုင်တဲ့ အပင်ဓာတ်ပစ္စည်းတွေ ဆွဲနုတ်ထိန်းသိမ်းဖို့ဖြစ် တယ်။

မုန်လာဥနီ

မုန်လာဥနီအခွံပါးပါးကို သေချာစွာခွာပြီး ဆီထုတ်ကာ မီးကင်စားရမယ်။ ကျန်းမာစေတဲ့ ပိုလီအဆီသလင် ဒြပ်ပေါင်းဟာ ဥနီရဲ့ မျက်နှာပြင်အနီးမှာ စုဝေးနေကြလို့ ယင်းဒြပ်ပေါင်းတွေ ဆုံးရှုံးမသွားစေဖို့ ရေမှာပျော်ဝင် နိုင်တဲ့ ဆုံးရှုံးမှုမဖြစ်ရအောင် ပြုတ်ခြင်း၊ ပေါင်းခြင်းနည်းနဲ့မဆုံးရှုံးရအောင် ဆီလူးပြီး မီးကင်တဲ့နည်းဟာ မွှေးမွှေးလေးနဲ့ စားလို့ကောင်းပါတယ်။

ငရုတ်ကောင်း

ငရုတ်ကောင်းကို ဆီထည့်ပြီး လှော်သင့်တယ်။ ငရုတ်ကောင်းလှော်ခြင်းဟာ အပင်ဆဲလ်နံရံကို ဖြိုခွဲခြင်းက (Phytochemicals) အများဆုံးရရှိစေတယ်။ အဆီအနည်းငယ်ထည့်ခြင်းက အနံ့မွှေးစေတဲ့အပြင် အဖိုးတန် ကာရောတီနိုက်များကို ခန္ဓာကိုယ်မှ အလွယ်တကူရယူနိုင်ဖို့ ကူညီပေးနိုင်ပါတယ်။

ဥရောပနံနံပင်

ဥရောပနံနံကို အသုပ်လုပ်စားနိုင်ပါတယ်။ နံနံပင်တို့က အပင်ဓာတ်ပစ္စည်းတွေ အထူးသဖြင့် ကင်ဆာရောဂါကို တိုက်ခိုက်နိုင်စွမ်းရှိတဲ့ အပီဂျနင်ပေါကြွယ်ဝတယ်။ နံနံပင်ကို ဟင်းပွဲအလှဆင်ဖု့ိပဲ အများဆုံး အသုံးပြုလေ့ရှိပါ တယ်။ နံနံပင်ကို အသုပ်သုပ်စားခြင်းက အပင်ရဲ့ဓာတ်ပစ္စည်းကို ရယူနိုင်မှာဖြစ်ပါတယ်။

ကော်ဖီစေ့

ကော်ဖီစေ့ကိုလှော်ရင် ကဖင်းဓာတ်ထွက်လာပြီး ရနံ့က သောက်သုံးစေချင်လာတယ်။ ကဖင်းဓာတ် မဆုံးရှုံးရ အောင် ထောပတ်အနည်းငယ်ထည့်ပြီးလှော်ရင် အနံ့ကောင်းမွန်တဲ့ ကော်ဖီမှုန့်ရရှိနိုင်မှာပဲဖြစ်တယ်။ ဒါတွေက တော့ ဟင်းသီးဟင်းရွက်တွေကို ပိုမိုအာဟာရပြည့်ဝစေမယ့် နည်းလမ်းတွေအဖြစ်တင်ပြလိုက်ပါတယ်။

ဒေါက်တာလွင်သန့်

Health Care

LEAVE A REPLY

Please enter your comment!
Please enter your name here