ညစဉ်ရေဖြင့်နနွင်းမှုန့် လ္ဘက်စားဇွန်း တစ်ဇွန်းဖြင့် သောက်သုံးပေးပါက ကင်ဆာရောဂါကို ကာကွယ်နိုင်ပြီး အစာခြေအား ကောင်းစေပါသည်။ မကောင်းသော ကိုလက်စထရောကို ကျစေပြီး ကိုယ်ခံအားစနစ်ကို မြှင့်တင်စေနိုင်ပါသည်။ အစာအိမ်နှင့် အူလမ်းကြောင်းအတွက် ကောင်းမွန်ပါသည်။ ဝမ်းမှန်စေသော ဆေးတစ်မျိုးလည်း ဖြစ်ပါသည်။

အမျိုးသမီးများအတွက်လည်း အပူအပုပ်ကင်းစေသော ဆေးဖြစ်ပါသည်။ အစားစားပြီးတိုင်း နနွင်းမှုန့်တစ်ဇွန်းနှင့် ငရုတ်ကောင်း ၅ စေ့ကို စားသုံးပေးပါက တက်လာမည်ကို ရေချိုးမှားနှင့် ဝမ်းလျှောခြင်းများအတွက် နနွင်းနှင့် ဇာတိပ္ဖိုလ်သီး သွေးသောက်ပါ။ သွေးတိုး၊ ဆီးချိုအတွက် ကာကွယ်ရန် နနွင်းခါးဥကို နေလှန်းပြီး ထောင်းပါ။ ပျားရည်နှင့်ဆတူရော၊ ငရုတ်ကောင်းစေ့လောက် လုံးထားပါ။ ညသုံးလုံး၊ မနက်သုံးလုံး မှန်မှန်သောက်ပါ။

အပြင်ပိုင်းမှ သုံးရန် ကောင်းသောနည်းလမ်းများသည် အောက်ပါအတိုင်း ဖြစ်ပါသည်။

နည်းလမ်း(၁) အမည်းစက်နှင့် အသားအရောင် မညီခြင်းများကို သက်သာစေသည်

နနွင်းမှုန့်သည် အသားအရေကို လင်းလက်တောက်ပစေပြီး အသားအရောင် မညီညာခြင်းကို လျော့ပါးသက်သာစေသည်။ နနွင်းမှုန့်၊ သံပုရာရည်နှင့် ပျားရည်တို့ကို ဆတူရောပြီး မျက်နှာပေါင်းတင်ဆေးအဖြစ် အသုံးပြုနိုင်ပါသည်။ မျက်နှာသစ်ပြီး လိမ်းပေးရမှာပါ။ ၁၅ မိနစ်ကြာရင် ကြက်သီးနွေးရေဖြင့် ပြန်လည်သန့်စင်ပေးပါ။ ပြီးလျှင် အစိုဓာတ်ထိန်းခရင်မ် တစ်မျိုးမျိုး (သို့) Jojoba oilကို လိမ်းပေးပါ။

နည်းလမ်း(၂) ကျန်းမာလှပ နုပျိုကြည်လင်သော အသားအရေကို ရစေသည်

နနွင်းမှုန့်သည် ကျန်းမာကြည်လင် ဝင်းပစိုပြည်သော အသားအရေကို ဖြစ်ပေါ်စေသည်။ အကောင်းဆုံး အသားအရေဖြစ်နိုင်ရန် ရှားစောင်းလက်ပတ် gel၊ နွားနို့၊ နှင်းဆီရည်၊ နနွင်းမှုန့်နှင့် ပျားရည်တို့ကို ဆတူရော၍ မျက်နှာသစ်ပြီးစ မျက်နှာပေါ်ကို လိမ်းပါ။ မိနစ်၂၀ ကြာလျှင် ရေနွေးနွေးနှင့် ဆေးပါ။ တစ်လတစ်ကြိမ် လုပ်ပေးပါက အမြဲတမ်း နုပျိုကျန်းမာသော အရေပြားကို ထိန်းသိမ်းနိုင်မည် ဖြစ်သည်။

နည်းလမ်း(၃) ဝက်ခြံကို ကုသပေးပါသည်

နနွင်းမှုန့်သည် ဝက်ခြံပိုးကို သေစေသော အစွမ်းရှိပါသည်။ ပျားရည် ထမင်းစားဇွန်းတစ်ဇွန်းထဲ နနွင်းမှုန့် တစ်ဇွန်းလောက်ထည့်ြ့ပီး မျက်နှာသစ်ဆေးအဖြစ် လိမ်းပြီး နှိပ်နယ်ပေးပါ။ ပြီးမှကြက်သီးနွေးရေနှင့် ဆေးကြောလိုက်ပါ။

နည်းလမ်း(၄) ဝက်ခြံအမာရွတ်ကို လျော့ကျစေသည်

နနွင်းမှုန့်နှင့် ဆန်မှုန့်ကို သမအောင် ရောမွှေပါ။ ပြီးလျှင် ပျားရည်စစ်စစ် အနည်းငယ်ထည့်ပြီး စေးပျစ်အောင်မွှေပါ။ မျက်နှာသစ်ပြီး ခြောက်အောင်သုတ်ပြီးမှ မျက်နှာနှင့် လည်ပင်းကို ခပ်ပါးပါးလိမ်းပေးပါ။ လုံးဝခြောက်သည်အထိ ထားပြီး ရေအေးနှင့်ဆေးချပါ။ နှစ်ပတ်တစ်ကြိမ် လုပ်ပေးပါက ဝက်ခြံအမာရွတ်များ လျော့ပါးလာစေပါသည်။

နည်းလမ်း(၅) ဆားဝက်ခြံများကို ပျောက်စေသည်

နနွင်းမှုန့် လ္ဘက်စားဇွန်းတစ်ဇွန်း၊ ဒိန်ချဉ် လ္ဘက်စားဇွန်းတစ်ဇွန်းနှင့် သစ်ကြံပိုး ခေါက်တို့ကို ရောမွှေပြီး ဆားဝက်ခြံပေါ် သုတ်လိမ်းပေးပါ။ အချိန်၁၀-၁၅ မိနစ်ကြာထားပြီး ရေအေးဖြင့် ဆေးချလိုက်ပါ။

နည်းလမ်း(၆) အိုမင်းမှုတားပြီး အရွယ်တင်နုပျိုစေပါသည်

နနွင်းမှုန့် လ္ဘက်စားဇွန်းတစ်ဇွန်း၊ ကြက်ဥ အကာရည်တို့ကို ရောမွှေပြီးမျက်နှာ ပေါင်းတင် ပေးရပါမည်။ ဝါဂွမ်းစလေးသုံးပြီး မျက်နှာအနှံ့ သုတ်လိမ်းပေးပါ။ မိနစ် ၃၀ ကြာထားပြီးနောက် ရေဖြင့်ဆေးချလိုက်ပါ။ အသားအရေမှာ နနွင်းမှုန့် စွဲကပ်ကျန်မနေစေရန် သံလွင်ဆီ တစ်စက်နှစ်စက် ရောထည့်ပေးနိုင်ပါသည်။

နည်းလမ်း(၇) မျက်ကွင်းညိုခြင်းကို လျော့ပါးစေသည်

နနွင်းမှုန့်သည် မျက်စိတစ်ဝိုက် အရေးအကြောင်းများ ဖြစ်ပေါ်ခြင်းကို သက်သာစေသည့်အပြင် မျက်ကွင်းညိုခြင်းကိုလည်း သက်သာစေပါသည်။ နနွင်းမှုန့် လ္ဘက်စားဇွန်းတစ်ဇွန်းကို ရှားစောင်းလက်ပပ် gelကို ထမင်းစားဇွန်း တစ်ဇွန်းနှင့်ရောပြီး မျက်ဝန်းအောက်မှာ လိမ်းပေးပါ။ မျက်ကွင်းညိုခြင်းကို သက်သာစေပါသည်။

နည်းလမ်း(၈) အသားအရေကို လင်းလက်စေသည်

နနွင်းမှုန့်သည် ရွှေရောင်ဝင်းသည့် အသားအရေပိုင်ရှင်ဖြစ်ဖို့ သုံးနိုင်ပါသည်။ နနွင်းမှုန့်က အသားအရေကို သဘာဝအတိုင်း တောက်ပစေပြီး လင်းလက်တောက်ပ ကျန်းမာစေသည်။ မျက်နှာသစ်ပြီးသည့် မျက်နှာပေါ်တွင် နနွင်းမှုန့်တစ်ဇွန်းနှင့် နွားနို့ကိုဆတူရောပြီး လိမ်းပေးပါ။ မိနစ်၂၀ကြာ ထားပြီးလျှင် ကြက်သီးနွေးရေနှင့်ပြန်ဆေးပါ။ တစ်လတစ်ကြိမ် ပြုလုပ်ပေးပါ။

နည်းလမ်း(၉) နှုတ်ခမ်းသားကို လင်းလက်စေသည်

နနွင်းမှုန့် လ္ဘက်ရည်ဇွန်းတစ်ဇွန်း၊ ပျားရည်စစ်စစ် (သို့) ပျားဖယောင်းတစ်ဇွန်းနှင့် သကြားအညို လ္ဘက်ရည်ဇွန်းတစ်ဇွန်း လေးပုံတစ်ပုံတို့ကို ရောမွှေပြီး နှုတ်ခမ်းသားကို ကြေးချွတ်ပေးရမှာပါ။ နှုတ်ခမ်းသားပေါ်က အရောနှောကို ညင်ညင်သာသာပွတ်ပေးပြီး မိ နစ်၁၀-၁၅မိနစ်ကြာ ထားပေးပါ။ ပြီးမှပြန်သုတ်ကာ Lip balm(သို့) Vaseline လူးပေးပါ။

နည်းလမ်း(၁၀) သွားဖြူစေသည်

သွားတိုက်တံကို စိုစွတ်အောင်လုပ်ပြီး နနွင်းမှုန့်နည်းနည်းတို့ လိုက်ပါ။ ပြီးလျှင် ပုံမှန်အတိုင်း သွားတိုက်ပေးရပါမည်။ ၃ မိနစ်ခန့် သွားတိုက်ပြီးပါက ပလုတ်ကျင်းလိုက်ပါ။ ပြီးနောက် ပုံမှန်သွားတိုက်ဆေးနှင့် ထပ်မံသွားတိုက်ပါ။

နည်းလမ်း(၁၁) ဗောက်ပျောက်စေသည်

နနွင်းမှုန့်သည် ဗောက်လိုမှိုကြောင့်ဖြစ်သော ဦးရေပြားခြောက်သွေ့မှုကို ပျောက်ကင်းစေပါသည်။ နနွင်းမှုန့် လ္ဘက်စားဇွန်း တစ်ဇွန်း၊ အုန်းဆီ (သို့)သံလွင်ဆီ ထမင်းစားဇွန်းနှစ်ဇွန်းတို့ကို ရောမွှေပြီး ဦးရေအနှံ့ သုတ်လိမ်းပေးပါ။ ပြီးနောက် ရေဆေးပြီး သုံးနေကျ ခေါင်းလျှော်ရည်နှင့် လျှော်ချလိုက်ပါ။ ဗောက်ပျောက်စေပါသည်။

ပန်းအိမ်

Health Care