လူ့ခန္ဓာကိုယ်မှာ သိုင်းရွိုက် ဟာ လည်ချောင်းတစ်ဖက်တစ် ချက်မှာ လိပ်ပြာပုံစံရှိနေတတ်ပြီး ယင်းမှထုတ်ပေးတဲ့ ဟော်မုန်းတွေ က အသွင်အမျိုးမျိုးပြောင်းလဲခြင်း မှာ ပါဝင်နေတယ်။ သိုင်းရွိုက် ရောဂါကြောင့် သိုင်းရွိုက်ဟော်မုန်း တွေ ပိုမိုထွက်ရှိခြင်းကိုသိုင်းရွိုက် ကြီးထွားလွန်ရောဂါ (Hyperthyroidism)” (သို့) ဟော်မုန်းချို့တဲ့ ထွက်ရှိခဲ့ရင် သိုင်းရွိုက်သေးငယ် ရောဂါ (Hypothyroidism) လို့ ခေါ်တယ်။ သိုင်းရွိုက်ဂလင်းကြီး ထွားလာမှုအပေါ် လည်ပင်းကြီး ရောဂါ (Goiter) လို့ခေါ်တယ်။

အမေရိကန်ပြည်ထောင်စုမှာ သိုင်းရွိုက်ရောဂါလူနာပေါင်း (၁၃) သန်းလောက်ရှိပါတယ်။ သိုင်းရွိုက် ကစဉ့်ကလျားရောဂါရဲ့ လက္ခဏာ ရောဂါတွေ့ရှိမှု၊ ကုသမှု၊ ဘဝနေ ထိုင်မှုတို့ရှိပါတယ်။

သိုင်းရွိုက်ဟော်မုန်းလျော့ နည်းရောဂါက သိုင်းရွိုက်ဟော်မုန်း များရောဂါထက်ပိုပြီး တွေ့ရနိုင်ပါ တယ်။ ယင်းကို အမျိုးသမီးတွေမှာ ပိုမိုတွေ့ရှိနိုင်တယ်။ လည်ပင်းကြီး ရောဂါခွဲစိတ်ကုသရာမှ ခွဲစိတ်များ သွားခြင်း၊ အာချီမိုတိုသိုင်းရွိုက် (Hashimoto’s Thyroiditis)၊ ရေဒီ ယံဓာတ်ပါ သိုင်းရွိုက်ဆေးဝါးအ သောက်များခြင်း၊ ကင်ဆာရောဂါ များ၊ ဓာတ်ရောင်ခြည်ကုသမှုများ ခြင်း၊ မွေးကတည်းက သိုင်းရွိုက်ဂ လင်း ဒဏ်ရာရရှိသွားခြင်း၊ အိုင် အိုဒင်းပါအိမ်သုံးဆား မစားလွန်းခြင်း (သို့) ဆားအလွန်အကျွံစားခြင်း၊  အမျိုးသမီး ခရိုမိုဆုမ်းရောဂါဖြစ်ခြင်း၊ ပီကျူထရီဂလင်း (Pituitary Gland) ထိခိုက်မိခြင်းတို့ကြောင့် သိုင်းရွိုက်ဟော်မုန်း လျော့နည်း ရောဂါရစေတယ်။

လက္ခဏာတွေက ခြေဖျား လက်ဖျားအေးခြင်း၊ ပေါ့ပေါ့ပါးပါး နေတတ်ခြင်း၊ အရေပြားခြောက် ခြင်း၊ သတိမေ့ခြင်း၊ စိတ်ဓာတ်ကျ ခြင်း၊ ဝမ်းချုပ်ခြင်းတို့ဖြစ်ပြီး ဟော် မုန်းအစားထိုးကုသမှု၊ ဆေးဝါးကုသ မှုတို့ရှိပါတယ်။

သိုင်းရွိုက်ဟော်မုန်းများပြား ခြင်း ရောဂါ (Hyperthyroidism) က ခန္ဓာကိုယ် အသွင်ပြောင်းလဲ ခြင်းလျင်မြန်စေတယ်။ အစာချေ ဖျက်မှု အားကောင်းသလို ပိုပြီး စွမ်းအင်လိုအပ်ကာ ကြည့်လိုက်ရင် ပင်ပန်းနွမ်းနယ်နေတယ်။ “ဂရေ့ (Graves Disease) ရောဂါခေါ် သိုင်းရွိုက်ဟော်မုန်းများခြင်း၊ သိုင်း ရွိုက်ရောင်ယမ်းခြင်း၊ အိုင်အိုဒင်း ပါအိမ်သုံးဆားမစားခြင်းတို့မှာ တွေ့ရတယ်။ လက္ခဏာတွေက စွမ်းအင်ပိုမိုလိုအပ်ခြင်း၊ ပင်ပန်း နွမ်းနယ်ခြင်း၊ သွေးခုန်နှုန်းမြန်ခြင်း၊ လက်တုန်ခြင်း၊ အိပ်မပျော်ခြင်း၊ အရေပြားပါးခြင်း၊ ထုံခြင်း၊ စိတ် တည်ငြိမ်မှု မရှိခြင်း၊ အမွေးအမျှင် နည်းပါးခြင်း၊ ကြွက်သားအားမရှိ ခြင်း၊ ဝမ်းပျက် (သို့) ဝမ်းချုပ်ခြင်း၊ ကိုယ်အလေးချိန်ကျခြင်း၊ ရာသီလာ ရင် စွန်းရုံသာလာခြင်းတို့ဖြစ်ကာ ၅ ရာခိုင်နှုန်းက ဂရေ့စ် (Graves’) ရောဂါကြောင့်ဖြစ်ပြီး မျက်လုံးများ ရောင်ယမ်းကာ အပြင်သို့ ပြူးထွက် နေတတ်တယ်။ သွေးဖောက်စစ် ခြင်း (T3) (T4) (TS4) အဖြေတွေ က သိုင်းရွိုက်ဟော်မုန်း များပြားခြင်း ရောဂါသိရှိနိုင်တယ်။ ယူသိုင်းရွိုက် (Eu – Thyroid) အဆင့်ထိရောက် အောင် ရေဒီယိုအိုင်အိုဒိုက်စားဆေး ကျွေးပြီး ခွဲစိတ်ကုသနိုင်တယ်။ ရေ ရှည်ရေဒီယိုအိုင်အိုဒိုက်စားဆေး သောက်နိုင်ပါတယ်။ ရောဂါလက္ခဏာ တွေသက်သာအောင် အအေးခန်းမှာ နေခြင်း၊ ဘီတာဘလော့ကာ(betablocker) စားဆေးကျွေးနိုင်တယ်။

ဒေါက်တာသက်လွင်

Health Care