ဗြိတိသျှဆရာဝန်များက အရိုးများ သန်စွမ်းခိုင်မာစေရန်နို့(Milk) သာမက ဘီယာကလည်း အကူအညီ ပေးနိုင်ကြောင်း ပြောပါသည်။ ဘီယာတွင် ဆီလီကွန်သတ္တုဓာတ်ပါဝင်ပြီး ယင်းသတ္တုဓာတ်သည် အရိုးများ၏ ကြံ့ခိုင်သန်စွမ်းမှုကို အထောက်အကူပြုသည်ဟုဆိုပါသည်။

အရိုးပွရောဂါနှင့်စပ်လျဉ်း၍ ပြုလုပ်သော သုတေသနပြုချက်တစ်ရပ်တွင် အမျိုးသားနှင့် မီးယပ်သွေးမဆုံးသေးသည့် အမျိုးသမီး ၂၈၄၇ ဦးအားလေ့လာရာ ဆီလီကွန်ဓာတ်တစ်နေ့လျှင် ၄ဝ မီလီဂရမ်ခန့်မှီဝဲစားသုံးသူသည် အရိုးသိပ်သည်းမှုအတွက် လိုအပ်သော အမြင့်ဆုံးသတ္တုဓာတ်ပမာဏကို ရရှိနိုင်ပြီး အရိုးကျန်းမာရေးအတွက် ကောင်းမွန်သောအခြေအနေတစ်ရပ်ကို ဖြစ်ပေါ်စေနိုင်ကြောင်းတွေ့ ရှိရသည်။

ဆီလီကွန်သည် လူသားတို့အား အကျိုးဖြစ်ထွန်းစေသော အာဟာရနှင့်စပ်လျဉ်းသည့်စာရင်းတွင် ထည့်သွင်းဖော်ပြလေ့မရှိသဖြင့် မည်မျှမှီဝဲစားသုံးရမည်ကို ပြောဆိုရန်ခက်ခဲကြောင်း အာဟာရဗေဒဆိုင်ရာ သုတေသီများက ပြောပါသည်။ ၃၅ဝ မီလီလီတာရှိသော ဘီယာတစ်ဘူးတွင် ဆီလီကွန်ပါဝင်မှု ၇ မီလီဂရမ်ခန့် ပါရှိပါသည်။

သို့သော် အရိုးကြံ့ခိုင်သန်စွမ်းစေရန်အလို့ငှာ ဘီယာသောက်သုံးခြင်းကိုမူ အားမပေးလိုပါ။ ဘီယာမှ အရက်သောက်သုံးသည့် အကျင့်ဆိုးကိုရနိုင်ပြီး ထိုမှတစ်ဆင့် ကျန်းမာရေး၊ လူမှုရေးအရ ထိခိုက်နစ်နာမှု အများအပြားကို တွေ့ကြုံခံစားရမည်ဖြစ်ပါသည်။

စွံပလွန်သီး၊ သရက်သီး၊ ဖရဲသီး၊ ဟင်းနုနွယ်တို့သည် ဆီလီကွန်ဓာတ်ကြွယ်ဝခြင်းကြောင့် အရိုးကျန်းမာ ကြံ့ခိုင်စေရန် အဓိကစားသုံးမှီဝဲသင့်ပေသည်။

မြနန်းသစ်

Health Care

LEAVE A REPLY

Please enter your comment!
Please enter your name here