အရိုးအဆစ်ရောင်ခြင်းနှင့် ချိတ် ဆက်တစ်သျှူးမျှင်ဆိုင်ရာရောဂါ (Connective tissue disease) အား ကုသတော့မည်ဆိုလျှင် ရောဂါရာ ဇဝင်ကို အသေးစိတ်မေးခြင်းနှင့် စမ်းသပ်ခြင်းကို လုပ်ဆောင်ပြီးမှ ရောဂါကို ပိုသေချာအောင် ဓာတ် ခွဲစမ်းသပ် စစ်ဆေးရပါသည်။

() သွေးစစ်ခြင်း သွေးဖြူဥ စစ်ဆေးခြင်း၊ CRP (C – Reactive protein), Serum Amyloid, ESR, Plasma သိပ်သည်းခြင်း စသည်တို့ကို စစ်ရပါတယ်။

() သွေးတွင်း ဓာတုပစ္စည်း စစ်ဆေးခြင်း ယူရစ်အက်ဆစ်၊ CPR စစ်ဆေးခြင်း၊ ယူရစ်အက်ဆစ် ပမာဏ စစ်ဆေးခြင်း၊ အသည်း အလုပ်ကောင်းကောင်းမွန်မွန်လုပ် နိုင်ခြင်းရှိမရှိ အသည်းနှင့် သက် ဆိုင်သော သွေးထဲရှိ ဓာတုပစ္စည်း အင်ဇိုင်းများကို စစ်ဆေးခြင်း။

() Serology Test (က) RF (Rheumatoid Factor) စစ်ဆေးခြင်း ၎င်းတို့သည် ပရိုတင်းတစ် မျိုးဖြစ်သည်။ Ig A, Ig M များဖြစ်သည်။ ၎င်းတို့သည် RA ရောဂါ၊ SLE ရောဂါ၊ နာတာရှည် အသည်းရောင်ရောဂါ၊ အသည်းခြောက် ရောဂါနှင့် တစ်ခြားသောရောဂါ များတွင် များနေတတ်ပါသည်။ နာ တာရှည်ရောဂါများဖြစ်သော အသည်းတွင်း ပိုးရောက်၍ ရောင်ရောဂါ၊ တီဘီ၊ ဆစ်ဖလစ် ကာလသားရောဂါ၊ အနာကြီး ရောဂါ၊ ဆင်ခြေထောက ်ရောဂါ၊ သံကောင်ရောဂါ၊ နှလုံးအမြှေးပါး အတွင်းပိုင်းရောဂါ ပိုးဝင်သောရောဂါတို့တွင်လည်း တက်နေတတ်ပါသည်။

() Antinuclear Antibodies စစ်ဆေးခြင်း

SLE ရောဂါဖြစ်သူတို့၏ ၉ဝ  ရာခိုင်နှုန်း အထက်တွင် ပြနေတတ် ပါသည်။ ပုံမှန် အသက်ကြီးရင့်သော သူတို့တွင် ANA ပမာဏကနည်း နေတတ်ပါသည်။ ANA တက်နေ နိုင်သောရောဂါများမှာ SLE, RA, နာတာရှည် အသည်းရောဂါ၊ လည် ပင်းကျိတ်ရောင်ရောဂါ၊ သွေးကင်ဆာ၊ ဗိုင်းရပ်စ်ပိုးဝင်ခြင်း၊ ကြွက် သားရောင်ရောဂါနှင့် တစ်ခြား Connective ရောဂါများတွင် တက်နေတတ်ပါသည်။

() Antiphospholipid Antibodies နှင့် တစ်ခြားအလို အလျောက် ခုခံစနစ်ပျက်သူများ တွင် တွေ့ရတတ်ပါတယ်။ ထပ်ခါ ထပ်ခါ ဦးနှောက်သွေးခဲတတ်သူ၊ သွေးတိုးရှိသူတို့တွင် တက်နေတတ် ပါသည်။

၎င်း အလိုအလျောက် ခုခံပစ္စည်း ထွက်ရှိသဖြင့် သွေးလွှတ်ကြောနှင့် သွေးပြန်ကြောတွင် သွေးခဲခြင်းကြောင့် ကလီစာအတော် များများပျက်စီးခြင်း၊ အဆုတ်သွေး ဖိအားများခြင်း၊ အဆုတ် ရုတ်တရက် အလုပ်မလုပ်ခြင်း၊ ကျောက်ကပ် အလုပ်မလုပ်ခြင်း နှင့် အာရုံကြောစနစ် ပျက်စီးခြင်းများ ဖြစ်တတ်ပါတယ်။

() Immue Complex နှင့် Complement Activation C3, C4, CH50  စစ်ဆေးခြင်း SLE ရောဂါ  ရှာဖွေခြင်းနှင့် ကုသခြင်းအတွက် အကျိုးရှိပါတယ်။ အလိုအလျောက် ပဋိပစ္စည်းထွက်သောရောဂါ၊ ရော ဂါပိုးဝင်ခြင်း၊ ကင်ဆာရောဂါများ တွင် တက်နေတတ်ပါတယ်။ သွေး ထဲတွင် ၎င်းဓာတ်ကို စစ်နေခြင်း ဖြင့် ရောဂါကုသမှုတိုးတက်မှု ရှိ/ မရှိ သိနိုင်ပါသည်။

() Antineurophil Cytoplasmic Antibodies – ဒီပစ္စည်းကျ ပြန်တော့ သွေးကြောရောင်ယမ်း ရောဂါမှာ တွေ့ရပါတယ်။

() အဆစ်ပြားထဲရှိအရည်ကို စစ်ဆေးခြင်း

အဆစ်ထဲ ပိုးဝင်ခြင်းနှင့် အဆစ်ထဲ ပုံဆောင်ခဲစုပြီး ရောင်ယမ်း သောရောဂါများတွင် ရောဂါအမြန် ရှာဖွေလိုလျှင် အဆစ်ထဲမှ အရည် ကိုယူပြီးစစ်နိုင်ပါသည်။ အဆစ် ရောင်ခြင်းနှင့် အသက်ကြီးလာ၍ အရိုးအဆစ် ထိခိုက်ပျက်စီးမှုအ တွက်လည်း စစ်နိုင်ပါသည်။ အရိုး အဆစ်ထဲမှ အရည်ကို ယူစစ်သဖြင့် သွေးပါနေပါက သွေးမတိတ်ရောဂါ၊ Pyrophosphate အဆစ်ရောင် ရောဂါ၊ ထိခိုက်ဒဏ်ရာ၊ ရောဂါပိုးဝင် နေရာမှ ပြန်သက်သာလာသော အဆစ်၊ အာရုံကြောကြောင့်ဖြစ် သော အဆစ်ရောင်ရောဂါတို့တွင် တွေ့နိုင်ပါသည်။

() Synovial Biospy

အဆစ်ကြားထဲတွင်ရှိ အမြှေး ပါးကို စစ်ခြင်းဖြင့် တီဘီရောဂါ၊ ကင်ဆာရောဂါ၊ အရိုးအဆစ်ရောင် ရောဂါများကို သိနိုင်ပါသည်။

(၁ဝ) အဆစ်ထဲ မှန်ပြောင်း ကြည့်ခြင်း

ဒူးခေါင်းဆစ်တွင်းရှိ အရွတ် (Meniscus) ထိခိုက်မှု ရှိမရှိ၊ အရိုးနု စားခြင်း နှင့် အရိုးအဆစ်ရောင် ခြင်းကို သိရှိနိုင်ပါသည်။

(၁၁) အဆစ်ကို ဓာတ်မှန် ရိုက်ခြင်း

ဥဗ ရောဂါဆိုလျှင် အဆစ် နေရာကျဉ်းမြောင်းခြင်း၊ အရိုးအဆစ် ဘေးတွင် အရိုးသစ်ထွက်ခြင်း၊ အရည်အိတ်ငယ်ဖြစ်ခြင်း၊ အရိုးနုအောက်တွင် အရိုးက ပြတ် သားမှုမရှိခြင်း စတာတွေကိုတွေ့ နိုင်ပါသည်။

(၁၂) CT နှင့် MRI ရိုက်ခြင်း

ခါးဆစ်ရိုးကျွံသူများတွင် ရိုးရိုး ဓာတ်မှန်ရိုက်ပြီးနောက် ထပ်ပြီး သေချာအောင် သိလိုလျှင်၊ ကျော ရိုးမရောဂါများကို သိလိုလျှင်၊ ရိုးတွင်းချဉ်ဆီ ရောဂါ၊ သွေးမလျှောက် ၍ အရိုးပုပ်ခြင်းများကို သိလိုလျှင် CT ရိုက်ကြည့်နိုင်ပါသည်။ ဒူးခေါင်း ဆစ်ကြားရှိ အရွတ်ပြဲခြင်း၊ ပုခုံး၊ ပေါင်နှင့် အခြားအရိုးအဆစ်တို့ တွင် အဆစ်ထဲရှိရောဂါ နှင့် အဆစ် နားတွင်ရှိသောရောဂါများကို သိလိုလျှင် MRI ရိုက်ကြပါသည်။

(၁၃) အာထရာစောင်းရိုက်ခြင်း

ဒူးခေါင်းနောက်ဖက်တွင်ဖြစ် သော Baker Cyst လို့ ခေါ်သည့် အရည်အိတ်ဖြစ်သောရောဂါတွင် အာထရာစောင်းရိုက်ပြီး သိနိုင်ပါတယ်။

(၁၄) Biophosphonate ဆေးရည်ကိုသွင်းပြီး အရိုးကျိုးပြီး ပြန်ကောင်းတာမြန်သလား၊ မမြန်ဘူးလား၊ အရိုးထဲ ပိုးဝင်ခြင်း၊ အရိုး မှ ကင်ဆာဆဲလ်များ ပျံ့နှံ့မှု ရှိမရှိ သိနိုင်ပါတယ်။

(၁၅) BMD (Bone Mineral Density) တိုင်းခြင်း

အရိုးထဲရှိ သတ္တုဓာတ် သိပ်သည်းမှုကို တိုင်းတာခြင်းဖြစ်ပါတယ်။

(၁၆) DXA (Dual Energy X- ray Absortiometry)

ဓာတ်ရောင်ခြည် အနည်းငယ် ပေးရခြင်း၊ တိကျခြင်းကြောင့် အသုံးများပါတယ်။ သတ္တုဓာတ်ဝင်နေ သော အရိုးသည် အရိုးထဲသို့ ဓာတ် ရောင်ခြည်ဝင်ခြင်းကို တားဆီးပါတယ်။

အေးကမ္ဘာဒေါက်တာချစ်

Health Care