ငုပ်နေတဲ့ ကျန်းမာရေးအခြေအနေရဲ့ အချို့လက္ခဏာတွေကို သင့်မျက်နှာပေါ်မှာ တွေ့ရှိနိုင်တယ်။ ဒီပြဿနာတွေနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မယ်ဆိုရင် သင့်ဆရာဝန်ထံသွားပြီး စစ်ဆေးပါ။

၁။ ခြောက်ပြီး အလွှာလိုက် ကွာကျသော အရေပြားနဲ့ နှုတ်ခမ်းများ

ဒီဟာက ရေခမ်းခြောက်ခြင်းကို သတိပေးတဲ့ လက္ခဏာဖြစ်တယ်။ ၎င်းက ပိုပြီးစိုးရိမ်ရတဲ့ ပြဿနာကိုလည်း ညွှန်ပြနိုင် တယ်။ ဒီပြဿနာက မလုံလောက်တဲ့ သိုင်းရွိုက်ဟော်မုန်းအဆင့်များနဲ့ ဖော်ပြတဲ့ (Hypothyroidism) သိုင်းရွိုက် ဂလင်းလှုပ်ရှားမှုနည်းခြင်းနဲ့ ဆီး ချိုရောဂါကို အကျိုးသက်ရောက်တယ်ဟု NYU School of Medicine မှ ဆေးပညာဆိုင်ရာ လက်ထောက်ပါမောက္ခ ဒေါက်တာရိုရှင် နီရာ့ဂျ်က ဆိုတယ်။

၂။ အရောင်ပြောင်းတဲ့ မျက်နှာ အသားအရေ

အနည်းငယ် အရောင်ပြောင်းတာပင်လျှင် တစ်ခုခုမှားနေတာကို ညွှန်ပြနေတယ်။ ဖြူဖတ်ဖြူလျော် ဖြစ်ခြင်းက သွေးအားနည်းခြင်းရဲ့ လက္ခဏာတစ်ခုဖြစ်တယ်။ အဝါရောင်ပြောင်းခြင်းက အသည်းရောဂါကို ညွှန်ပြတယ်။ နှုတ်ခမ်းနှင့် လက်သည်းအောက်ခြေရှိ ပြာတာတာအရောင်က နှလုံး ဒါမှမဟုတ် အဆုတ်ရောဂါကို ညွှန်ပြကြောင်း Massachusetts General Hospital မှ ဒေါက်တာ မော်လီကာ မာရှယ်က ဆိုတယ်။

၃။ အဖုအပိမ့် အနီကွက်များ နဲ့ အစွန်းအကွက်များ

အစာချေခြင်းနဲ့ဆိုင်တဲ့ ပြဿနာအချို့က အရေပြားပေါ်မှာ ဖော်ပြနေတယ်လို့ “ရာ့ဂျ်” က ဆိုတယ်။ ယားတဲ့အဖုအပိမ့် အနီတစ်ခုက အစားကြူးလို့ဖြစ်တဲ့ အူသိမ်ရောဂါတစ်မျိုး (Coeliac) ကို ညွှန်ပြတယ်။ ပါးရိုးနဲ့ နှာရိုးပေါ် လိပ်ပြာပုံအနီ ကွက်ဟာ ကိုယ်ပိုင်ခုခံအားရှိသော အရေပြားယောင်သည့် ရောဂါတစ်မျိုး (Lupus) ရဲ့လက္ခဏာတစ်ခုဖြစ်တယ်။ ဓာတ်မတည့်မှု၊ နှင်းခူနာနဲ့ အခြားကူးစက်မှုတွေက အဖုအပိမ့် အနီကွက်တွေကို ဖြစ်ပေါ်စေနိုင်တယ်။

၄။ မျက်လုံးအိမ်တွေနဲ့ မို့ မောက်ခြင်း

အင်အားကုန်ခမ်းနေပုံရတဲ့ မျက်လုံးတွေဟာ နာတာရှည်ဓာတ်မတည့်ခြင်းတွေအတွက် အန္တရာယ်ကို ပြနေတယ်။ ၎င်းဟာ သွေးကြောတွေကို ကျယ်လာစေပြီး ၎င်းတို့ကို ယိုစိမ့်စေတယ်။ မျက်လုံးတွေအောက်ရှိ ထိခိုက်လွယ်တဲ့ အရေပြားတွင် ၎င်းက မို့မောက်ခြင်းနဲ့ ခရမ်းပြာရင့်ကို ဖန်တီးပေးတယ်။

နှင်းအေးဝေ

Health Care