Businesswoman eating hamburger at desk in office

အသင့်စားသောက်ရန် ပြုလုပ် ထားသည့် အစားအစာများကို တစ်ပတ်လျှင် လေးကြိမ်နှင့်အ ထက် အလွန်အကျွံစားသုံးသော အမျိုးသမီးများအနေဖြင့် မျိုးပွား ခြင်းဆိုင်ရာ ပြဿနာများ ကြုံတွေ့ နိုင်ပြီး ကိုယ်ဝန်ရရန် ခက်ခဲတတ် ကြောင်း သြစတေးလျနိုင်ငံရှိ အဒီ လိုင်ဒီတက္ကသိုလ်မှ သုတေသီများ ၏ လေ့လာချက်အရ သိရသည်။

သုတေသီများသည် ဗြိတိန်၊ အိုင်ယာလန်၊ သြစတေးလျနှင့် နယူးဇီလန်နိုင်ငံတို့မှ ကိုယ်ဝန်ဆောင် အမျိုးသမီးများ၏ စားသောက်မှု ပုံ စံကို စစ်တမ်းကောက်ယူကာ လေ့လာခဲ့ကြခြင်းဖြစ်ပြီး အသင့်စား အစားအစာများကို အလွန်အကျွံ စား သုံးသော အမျိုးသမီးများတွင် ကိုယ်ဝန်ရရှိရန် ကြာရှည်စွာ စောင့်ဆိုင်းရ တတ်ကြောင်း ဖော်ပြထားသည်။ သို့ရာတွင် အဆိုပါ အမျိုးသမီးများ အနက်မှ သစ်သီးဝလံ၊ ဟင်းသီးဟင်း ရွက်နှင့် ငါးအမျိုးမျိုးတို့ကို ပုံမှန် စားသုံးသူများတွင်မူ အခြားသူများ ထက် ပိုမိုမြန်ဆန်စွာ ကိုယ်ဝန်ရရှိ ကြောင်းလည်း ၎င်းသုတေသနတွင် ထပ်မံဖော်ပြထားသည်။

“အမျိုးသမီးတွေအနေနဲ့ အရည်အသွေးပြည့်မီတဲ့ အစားအသောက်ဖြစ်ဖို့ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေကို များများစား ပေးပြီး အသင့်စား အစားအစာတွေ ကို တတ်နိုင်သမျှ လျှော့စားသင့်ပါတယ်။ ဒါမှသာ အိမ်ထောင်ပြုပြီး တဲ့အခါ မျိုးပွားခြင်းဆိုင်ရာ ပြဿနာတွေကို ရှောင်ရှားနိုင်မှာဖြစ်တယ်။” ဟု အဆို ပါတက္ကသိုလ်မှ ပရော်ဖက်ဆာ ကလဲရာရောဘတ်စ် က အကြံပြုပြောကြားထားသည်။

ရဲခိုင်(ဆေး-၂)

Health Care