အသည်းခြောက်ရောဂါသည် တစ်နေ့တခြား အဖြစ်များလာပါ သည်။ အမျိုးသားများတွင် အမျိုး သမီးများထက်ပို၍ ဖြစ်ပွားပါသည်။ အရက်သောက်သူများ၏ (၉ဝ) ရာခိုင်နှုန်းခန့်သည် အသည်းအဆီ ဖုံးရောဂါ (Fatty Liver) ဖြစ်တတ် ပြီး ၎င်းမှတစ်ဆင့် အသည်းခြောက် ရောဂါ ရတတ်ပါသည်။ အသည်းရောင် အသားဝါဘီပိုး နှင့် စီပိုးရှိသူများတွင်လည်း တတ်ကျွမ်းနားလည်သော အသည်းအထူးကုဆရာဝန်ကြီးများဖြင့် မကုသဘဲနေပါကလည်း အသည်းခြောက်ရောဂါ ဖြစ်ပွားနိုင်ပါသည်။ အသည်းရောဂါများ အနက် အသည်းခြောက်ရောဂါသည် ဖြစ်ပွားမှုများပြားလာသော ရောဂါဖြစ်၍ မပေါ့ဆသင့်ပါ။

 

() ရောဂါလက္ခဏာများ

အသည်းခြောက ်ရောဂါလက္ခဏာများမှာ အသားဝါခြင်း၊ ခံတွင်းပျက်ခြင်း၊ မောခြင်း၊ အန်ခြင်း၊ ရင် ညွန့်အောင့်ခြင်း နှင့် ဝမ်းဗိုက်တွင် ရေဖျဉ်းစွဲခြင်းများဖြစ်ပါသည်။ ရောဂါလက္ခဏာ ဆိုးဝါးလာပါက သွေးအန်ခြင်း၊ သွေးဝမ်းသွားခြင်း နှင့် နှာခေါင်းသွေးယိုခြင်းများ ဖြစ်တတ်ပါသည်။ ထို့ပြင် အမျိုးသမီးများတွင် ရာသီသွေးထိန်တတ်ပြီး၊ အမျိုးသားများတွင် နို့အုံစူထွက်လာခြင်း နှင့် ဝှေးစေ့သိမ်သွားခြင်းများ ခံစားရတတ်ပါသည်။ အခြား ရောဂါများလည်း ဝင်ရောက်လွယ်တတ် ပါသည်။

လူနာကို စမ်းသပ်စစ်ဆေးရာတွင် အသည်း နှင့် ဘေလုံး(သရက် ရွက်)များကြီးခြင်း၊ လက်ဖဝါးအ ရေပြားနီနေခြင်း၊ လက်ချောင်းထိပ်များ တင်းပုပ်ပုံ ဖုလုံးလာခြင်း၊ မျက်နှာ နှင့် ခန္ဓာကိုယ်အထက်ပိုင်း တွင် ပင့်ကူကွက်ပုံ သွေးမျှဉ်များ ဖြစ်ပေါ်လာခြင်းများကို တွေ့ရှိရပါသည်။ ရောဂါအခြေအနေ ဆိုးဝါးလာပါက အသက်ဆုံးရှုံးသည်အထိ ဖြစ်နိုင်ပါသည်။

 

() ရောဂါ၏ နောက်ဆက် တွဲဆိုးကျိုးများ

အသည်းခြောက် ရောဂါဖြစ်ပွားခြင်းကြောင့် အသည်းကလာပ်စည်းများ ပျက်စီးပြီး အမာရွတ်ဖြစ်လာပါသည်။ အသည်းရောင်လာပြီးနောက် ကျုံ့ဝင ်သေးငယ်သွားတတ်ပါသည်။ အသည်းခြောက် ရောဂါရှိသူ ၁ဝ ရာခိုင်နှုန်းခန့် သည် အသည်းကင်ဆာအဖြစ် ပြောင်းလဲတတ်ပါသည်။ အသည်း ခြောက်ရောဂါကြောင့် အသက် အန္တရာယ်ထိခိုက်နိုင်သည်အထိ ဒုက္ခပေးပါသည်။

 

() ရောဂါရှာဖွေစစ်ဆေးခြင်း

အသည်းခြောက် ရောဂါဖြစ်ပါက ဆီးတွင် Urobilinogen များ လာတတ်သောကြောင့် ဆီးစစ်ရပါမည်။ သွေးတွင် Bilirubin လျော့နည်းလာခြင်း နှင့် Prothrombin ကြာမြင့်ခြင်းရှိမရှိ သွေး ဖောက် စစ်ဆေးရပါမည်။ အသည်း၏ လုပ်ငန်းဆောင်တာ (Liver Function Test) ကောင်းမကောင်း သွေးဖောက်စစ်ဆေးရပါမည်။ တယ် လီဗေးရှင်းဓာတ်မှန် Ultrasound ရိုက်ကြည့်ရပါမည်။ လိုအပ်ပါက CT Scan ရိုက်ရပါမည်။ သို့မှသာ အသည်းခြောက်ခြင်း အခြေအနေကို သိရှိနိုင်ပါမည်။

 

() ကုသခြင်း

အသည်းခြောက်ခြင်းဖြစ်ပါ က အသည်းအထူးကုဆရာဝန်ကြီးများဖြင့် ထိရောက်စွာကုသရပါမည်။ အရက်သောက်ခြင်းကြောင့် ဖြစ်ပါက အရက်သောက်ခြင်းကို ရှောင်ကြဉ်ရပါမည်။ အသည်းကို ထိခိုက်စေသော အကြောင်းအရင်းများကို ဖယ်ရှားရပါမည်။ ရောဂါကို ပိုမိုဆိုးဝါးစေသော အကြောင်းအရင်းများ ကို တားဆီးရပါမည်။

အသည်းခြောက်ပါက သွေးအန်တတ်ပါသည်။ သွေးအန်ခြင်းကို ရပ်တန့်စေရန် ခွဲစိတ်ကုသနိုင်ပါသည်။ အစာပြွန်နှင့် အစာအိမ်တို့တွင် ဘေလုံးဖြင့် သွေးယိုခြင်းကို တားဆီးရပါမည်။ သွေးပြန်ကြောထဲသို့ ဆေးထိုးခြင်း၊ လမ်းကြောင်းလွှဲ ခွဲစိတ်ကုသခြင်းများ ပြုလုပ်ရပါမည်။

 

() ကာကွယ်ခြင်း

အရက်သောက်သည့် ပမာဏ နှင့် အချိန်ကာလပေါ်တွင် မူတည်၍ အသည်းသည် ခန္ဓာကိုယ်တွင် ပုံမှန်လုပ်ငန်းများကို မဆောင်ရွက်နိုင်ပါ။ အသည်းခြောက်ခြင်း ကို ကာကွယ်ရန်အတွက် အရက် သောက်ခြင်းကို လုံးဝရှောင်ကြဉ်ရပါမည်။ အသည်းရောင်ဘီပိုး နှင့် စီပိုးကြောင့်လည်း အသည်းခြောက်တတ်၍ မဖြစ်ပွားစေရန် ကြိုတင် ကာကွယ်ရပါမည်။ အသည်းရောင် ဘီပိုးကာကွယ်ဆေးထိုးခြင်း၊ မလိုအပ်ဘဲ ဆေးထိုးခြင်းကို မပြုလုပ်ခြင်း၊ မဖြစ်မနေထိုးရပါက တစ်ခါသုံး ဆေးထိုးပြွန်၊ ဆေးထိုးအပ်တို့ကို အသုံးပြုခြင်း၊ နားဖောက်ခြင်း၊  တက်တူးထိုးခြင်း၊ ခွဲစိတ်ကုသခြင်း၊ သွားအလှပြုပြင်ခြင်းများ ပြုလုပ်ရာတွင်လည်း တစ်ခါသုံးပစ္စည်းများအား အသုံးပြုခြင်း၊ အကာအကွယ်မဲ့ လိင်တူ၊ လိင်ကွဲဆက်ဆံခြင်းကို ရှောင်ကြဉ်ခြင်း၊ မိခင်တွင် အသည်းရောင်ဘီပိုးရှိပါက စနစ်တကျ မွေးဖွားခြင်းများ ပြုလုပ်ရပါမည်။

() အကြံပြုချက်

အသည်းခြောက်ခြင်း မဖြစ်စေရန် ကြိုတင်ကာကွယ်မှုများ ပြုလုပ်ရပါမည်။ ရောဂါဖြစ်ပါကလည်း ဆေးမြီးတိုများ၊ စပ်ဆေးများ၊ တိုင်းရင်းဆေးများကို အသုံးမပြုသင့်ပါ။ တတ်ကျွမ်းနားလည်သူများ နှင့် သာ ပြသသင့်ကြောင်း အကြံပြုအပ်ပါသည်။

 

ဒေါက်တာမြင့်သန်းထွန်း

Health Care