ငှက်ပျောသီး – ငှက်ပျောသီး များတွင်ပါဝင်သော L-Tryptophan  အမည်ရှိ အမိုင်နိုအက်ဆစ်တစ်မျိုးက စိတ်ကျဝေဒနာခံစားရခြင်းကို သက်သာလျော့ပါးစေသည်။

လိမ္မော်သီး – လိမ္မော်သီးဖျော် ရည်ပုံမှန်သောက်ခြင်းက အူမကြီး ကင်ဆာဆဲလ်များကို တိုက်ဖျက်ပေး နိုင်ကြောင်း သုတေသနများတွင် ဖော်ပြထားသည်။

သံပရာသီး – မနက်ပိုင်းတွင် သံပရာရည်တစ်ခွက်ပုံမှန်သောက်ခြင်းဖြင့် ခန္ဓာကိုယ်ရှိ အဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်သည်။

ပန်းသီး – သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးသဖြင့် ဆီးချိုရောဂါဝေဒနာရှင်များအတွက် သင့်လျော်သော အသီးအနှံတစ်မျိုးဖြစ်သည်။

နာနတ်သီး – နာနတ်သီးတွင် ကြွယ်ဝစွာပါဝင်သော Bromelain နှင့် Manganese အင်ဇိုင်းများက အစာချေဖျက်ရာ၌ ကူညီပေးပြီး အရိုးများကို သန်မာစေသည်။

ချယ်ရီသီး – ချယ်ရီသီးများတွင် ကင်ဆာရောဂါအမျိုးမျိုးမှ ကာကွယ်ပေးနိုင်သော Cyanidin အမည်ရှိ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝစွာ ပါဝင်သည်။

ဖရဲသီး – သွေးပေါင်ချိန်ကို ထိန်းညှိပေးပြီး ရေဓာတ်ကြွယ်ဝစွာ ပါဝင်သောကြောင့် အပူချိန်ပြင်းထန်သည့် နွေရာသီကာလ၌ စားသုံးပေးရန် သင့်လျော်သည်။

စပျစ်သီး – စပျစ်သီးပုံမှန် စားပေးခြင်းက သွေးလမ်းကြောင်းအတွင်းရှိ နိုက်ထရစ်အောက်ဆိုဒ် ပမာဏကိုများစေပြီး သွေးခဲခြင်း ဖြစ်စဉ်များကို လျော့နည်းစေသည်။

 ရဲခိုင်(ဆေး-၂)

Health Care