အိပ်စက်ခြင်းနှင့်ပတ်သက်၍ အမျိုးမျိုးရေးသားဖော်ပြသည်ကို တွေ့ရသော်လည်း အိပ်ရခြင်းအကြောင်းရင်းကို သိသာထင်ရှားစွာ ဖော်ပြထားချက်ဟူ၍ ယနေ့အထိ မတွေ့ခဲ့ရသေးပေ။

လူတစ်ယောက် တစ်နေ့လျှင် ၈ နာရီအိပ်မှသာ အိပ်ရေးဝနိုင်သည်ဟု ဆိုကြသော်လည်း အအိပ်အနေနည်းခဲ့ပါ လျက်နှင့် အသက် ၇ဝ ကျော်သည့်တိုင် ကျန်းမာသန်စွမ်းနေသူတွေလည်း များစွာရှိသည်ကို တွေ့ရပေသည်။

နေ့အချိန် အိပ်သင့်၊ မအိပ်သင့်ကိုလည်း ဝိဝါဒကွဲနေသော အယူအဆများရှိကြသည်။ နေ့အချိန် အိပ်စက်ခြင်း သည် လူကို ထိုင်းမှိုင်းစေသည်ဟု ဆိုကြသော်လည်း နေ့အချိန်အိပ်သည့်ဓလေ့ကဖြင့် အများအပြားရှိနေသည် ကိုတွေ့ရသည်။

ဆာဝင်စတန်ချာချီသည် နေ့လည်အချိန်တိုင်း တရေးတမောအိပ်လေ့ရှိရာ ဤသို့အိပ်သည့်အခါတွင် ပက်လက် ကုလားထိုင်ပေါ်၌ထိုင်ရင်း ညအခါ အိပ်ရာဝင်ချိန်၌အိပ်ပုံမျိုးအတိုင်း နှစ်နှစ်ခြိုက်ခြိုက်အိပ်လေ့ရှိသည်။

အိပ်စက်ခြင်းအကြောင်းနှင့်ပတ်သက်၍ လေ့လာစုံစမ်း သုတေသနပြုသူများစွာရှိကြသည့်အနက် နောက်ဆုံး တွေ့ရှိချက်တစ်ခုမှာ စိတ်ဝင်စားဖွယ်ကောင်းပေသည်။ သြစတြေးလျနှင့် ဂျာမဏီနိုင်ငံမှ ဆရာဝန်အချို့က လက်တွေ့စမ်းသပ်ရာ အောင်မြင်သည်ကိုတွေ့ရသောကြောင့် ပြင်သစ်နိုင်ငံကပါ ထိုနည်းကို စမ်းသပ်လျက်ရှိနေ သည် ဟုသိရသည်။

ယင်းနည်းမှာ များစွာလွယ်ကူလွန်းလှ၍ မယုံကြည်မည်ကို စိုးရိမ်ရပေသည်။ လိုက်နာရန်မှာ ညဉ့်ဦး ၇ နာရီအချိန်မှ သန်းခေါင်အချိန်အထိ အိပ်ပျော်အောင်အိပ်ဖို့သာ လိုပေသည်။

ဤသတ်မှတ်ချိန်အတွင်း တိကျမှန်ကန်စွာအိပ်စက်ခြင်းဖြင့် အင်အားပြည့်ဖြိုးတိုးတက်နိုင်ရုံမက စိတ်လည်း ကြည်လင်ထက်မြက်လျက် ကိုယ်တွင်းရှိ အရေးကြီးသော အစိတ်အပိုင်းများမှာလည်း လန်းဆန်းသစ်လွင်လာ ပေမည်။

နေ၏ ရောင်ခြည်ဓာတ်ရှိန်သည် ညဉ့်ဦး ၇ နာရီနှင့်သန်းခေါင်ချိန်စပ်ကြားတွင် ကမ္ဘာမြေကြီးအား အလွန်ပင် အကျိုးပြုလျက် လူ၏အာရုံကြောများအား လျှပ်စစ်ဘက်ထရီအိုးကို ဓာတ်အားသွင်းသကဲ့သို့ အင်အားပြည့်ဖြိုး စေသည်။ ထိုရောင်ခြည်ဓာတ်သည် အင်အားကုန်ခမ်းနေသော ကိုယ်တွင်းအစိတ်အပိုင်းများကိုပါ အင်အား ပြန်လည်ဖြည့်တင်းလာစေရန် အကျိုးပြုသော အချိန်အခါပင်ဖြစ်သည်။

သြစတြေးလျနိုင်ငံတွင် အသည်းနှလုံး၊ အဆုတ်နှင့်သွေး အသွားအလာအပြင် အစာအိမ်ဆိုင်ရာ ဝေဒနာစွဲကပ် နေသူများအား ဤနည်းဖြင့်ကုသရာ လူမမာများအားလုံးပင် ၁၅ ရက်မှ ၂၁ ရက်အတွင်း ရှင်းရှင်းပျောက်ကင်းသူ ပျောက်ကင်းလျက် သက်သာသူသက်သာကာ နောက်ဆက်လက်ကုသရာ လုံးဝပျောက်ကင်းသွားကြသည်ဟု ဆိုပေသည်။

မြနန်းသစ်

Health Care