အိပ်စက်ခြင်းနဲ့ပတ်သက်ပြီး ကျန်းမာရေးကောင်းစေတယ်၊ ဆိုးစေတယ်၊ အသက်တိုစေတယ် ရှည်စေတယ်၊ စိတ်မူပြောင်းစေတယ် စသဖြင့် ထင်မှတ်ကြပါတယ်။ တချို့အယူအဆတွေက မှားတယ်။ နယူးယော့တက္ကသိုလ်က လုပ်ထားတဲ့ သုတေသနကို တင်ပြပါမယ်။

၁။ ၅ နာရီတည်းသာ အိပ်စက်ခြင်းဟာ ကျန်းမာရေးကို မထိခိုက်စေဘူးလို့ယူဆခြင်း

တနေ့မှာ ၅ နာရီတည်းသာ အိပ်ခြင်းဟာ ကျန်းမာရေးကို မထိခိုက်စေဘူးလို့ ယူဆတာမမှန်ပါ။ သုတေသနသတင်းမှာ ဗြိတိသျှဝန်ကြီးချုပ်ဟောင်း မာဂရက်သက်ချာနဲ့ ဂျာမန်ခေါင်းဆောင် အင်ဂျယ်လာ မစ်ခဲလ်တို့ အဲလိုအအိပ်နည်းတာကိုပါ ထည့်ရေးထားတယ်။

၂။ အရက်သောက်ပြီးအိပ်ရင် ပိုအိပ်ကောင်းမယ်ထင်ခြင်း

အရက်သောက်ပြီးအိပ်ရင် ပိုအိပ်ကောင်းမယ်ထင်တာမှားတယ်။ အရက်ကနေ REM

ခေါ် အိပ်စက်ခြင်းရဲ့ အစိတ်အပိုင်းကို နှောင့်ယှက်စေတယ်။ အဲ့တာက မှတ်ဉာဏ်နဲ့ သင်ယူခြင်းအစွမ်း နည်းစေတယ်။ အရက်တွေဟာ ဆီးသွားစေတဲ့သတ္တိလည်းပါလို့ ဆီးထသွားရလိမ့်မယ်။ ဘီယာလို ဟာမျိုးမှာ ဆီးပိုသွားရတတ်တယ်။

၃။ မအိပ်ခင်တီဗွီကြည့်တာဟာ အိပ်ကောင်းမယ်ထင်ခြင်း

မအိပ်ခင် တီဗွီကြည့်တာဟာ အိပ်ကောင်းစေမယ်လို့ထင်တာ မှားတယ်။ ညဉ့်နက်ပိုင်းမှာ ကြည့် ခဲ့တဲ့သတင်းတွေ ရုပ်ရှင်တွေကနေ ကောင်းမွန်စွာအိပ်စက်ခြင်းကို အနှောင့်အယှက်ပေးနိုင်တယ်။ သု တေသနထဲမှာမပါတဲ့ ဖေ့စ်ဘွတ်ပို့စ်တွေကနေလည်း အဲလိုဖြစ်စေနိုင်တယ်လို့ဖြည့်ပါရစေ။

၄။ အိပ်မပျော်နိုင်သေးရင် အိပ်ရာထဲမှာသာ ဆက်နေပါလို့ထင်ခြင်း

အိပ်မပျော်နိုင်သေးရင် အိပ်ရာထဲမှာသာဆက်နေပါလို့ ထင်တာမမှန်ပါ။ အများအားဖြင့် အိပ်ပျော်ဖို့ရာ ၁၅ မိနစ်ထက် ပိုမကြာပါ။ အဲတာမှ အိပ်မပျော်သေးရင် အိပ်ရာကနေထပြီး ပတ်ဝန်းကျင်အ ပြောင်းအလဲတခုခုလုပ်ပါ။ ပြီးမှ ပြန်အိပ်ပါ။

၅။ အိပ်နေစဉ်ဟောက်တာ ကျန်းမာရေးအတွက် ကိစ္စမရှိဘူးလို့ထင်ခြင်း

အိပ်နေစဉ်ဟောက်တာ ကျန်းမာရေးအတွက် ကိစ္စမရှိလို့ ထင်တာမှားတယ်။  Obstructive sleep apnoea ခေါ်တယ်။ ဆရာဝန်နဲ့ စစ်ဆေးကုသပါ။

Health Care

ဒေါက်တာတင့်ဆွေ