အိပ်မက်စို(သို့)အိပ်မက်စိမ်း တွေဟာ ကြီးကောင်ဝင်ယောကျာ်း လေးတွေမှာ ဖြစ်တတ်တယ်။ သူ တို့မှာ အရွယ်ရောက်ကာစ၊ အမျိုး သမီး (သို့) အမျိုးသားတွေနဲ့ လိင် ဆက်ဆံ အတွေ့အကြုံရှိချင်ရှိနိုင် တယ်။

ဆေးပညာအရ အိပ်မက်စို (သို့) အိပ်မက်စိမ်းတွေက သူ့အိပ် ရာ(debunk)မှာ စိုနိုင်ကာ ယင်း မှာ ကျန်းမာတဲ့အခြေအနေပဲဖြစ် တယ်။

လူတွေဟာ ညဖက်မှာ အိပ် ပျော်ရင်း ယောကျာ်းလေးများ သုတ်လွှတ်တယ်။ မိန်းကလေးများ အိပ်မက်ထဲ စိတ်ဖြေနေတတ်တယ်။ နိုးတဝက်အိပ်မက်မှာ အိပ်တဲ့ဝတ် စုံ (သို့) အိပ်ရာခင်းမှာ စိုနေတတ် တယ်။ ယင်းအရည်ထဲမှာ သုတ် ကောင်များ ပါဝင်နေပြီး၊ အိပ်မက် ထဲ သုတ်လွှတ်မိတာကြောင့် စိုရွှဲ နေတာဖြစ်တယ်။

မိန်းကလေးတွေ၊ အလေ့အ ကျင့်ရှိသူတွေအနေနဲ့ အိပ်နေရင်း ဆန္ဒပြည့်ဝသွားတတ်တယ်။ မိန်းမ ကိုယ်စိုနေတယ်။ မိန်းကလေးတွေ မိန်းမကိုယ် စိုရွှဲနေတာ ရာသီလာ လို့မဟုတ်ဘူး။ လိင်စိတ်နိုးြွကလာ ကာ လှုံ့ဆော်မှုမပါပဲ အရည်ရွှဲခြင်း ပဲဖြစ်တယ်။

၈ ရာခိုင်နှုန်း ဖြစ်တတ်တဲ့ အ နေအထားက လိင်ဆက်ဆံတဲ့ အိပ် မက် မြင်မက်လို့ပဲဖြစ်တယ်။ အမျိုး သမီးနဲ့ အမျိုးသားတွေ ၄ ရာခိုင် နှုန်းက စိတ်သန်တဲ့ အိပ်မက်မက် လို့ပဲဖြစ်တယ်။

အိပ်မက်စိုစိုတွေ ဘာကြောင့် ဖြစ်ရသလဲဆိုရင် စိတ်လှုပ်ရှားမှု ကြောင့်ဖြစ်နိုင်တယ်။

(၁) အိပ်ရာထဲသုတ်လွှတ်ခြင်း ဟာ သုတ်ကောင်ရေ မနည်းစေပါ ဘူး။ သဘာဝပဲဖြစ်လို့ ကျန်းမာရေး မထိခိုက်ပါဘူး။

(၂) အမျိုးသမီးတွေ အရွယ် ရောက်စ အမျိုးသားအဖော်တွေနဲ့ တွဲသွားတွဲလာရင်း အိပ်မက်မက် ကာ မိန်းမကိုယ်စိုနေတယ်။

(၃) အိပ်ရာထဲ သုတ်လွှတ်တာ က လူတစ်ဦးချင်းရဲ့ ခုခံမှုစနစ် မလျော့စေပါ။ သဘာဝပဲဖြစ်လို့ ခုခံမှုစနစ် ပုံမှန်ဖြစ်တယ်။

(၄) အိပ်ရာထဲ သုတ်လွှတ်တာ စိုရွှဲတာဟာ လူပျိုဖော်၊ အပျိုဖော် ဝင်ချိန်မှာဖြစ်တယ်။ ဟော်မုန်း ပြောင်းလဲမှုကြောင့် ဖြစ်တတ်ပါ တယ်။

(၅) အိပ်ရင်း သုတ်လွှတ်တာ ဖျားနာလို့မဟုတ်ဘူး။ အိပ်ရင်း သုတ်လွှတ်တာ ဖျားနာလို့မဟုတ် ကြောင်း ကျန်းမာရေးဗဟုသုတ ပေးရမယ်။

(၆) ကိုယ့်ဖာသာဖြေသိမ့်ခြင်း က ညဖက်သုတ်လွှတ်တဲ့အပေါ် မ တားဆီးနိုင်ဘူး။ ယောကျာ်းလေး များ ကိုယ့်ဖာသာ စိတ်ဖြေသိမ့် တတ်တယ်။ ယင်းက ညဖက်သုတ် လွှတ်တဲ့အပေါ် မတားဆီးနိုင်ပါ ဘူး။

(၇) အိပ်ရာထဲ သုတ်လွှတ် တာကြောင့် လိင်တံမသေးငယ်ပါ။ အိပ်ရာထဲသုတ်လွှတ်တဲ့အပေါ် လိင်တံသေးငယ်ကြောင်း မဟုတ် သတင်းများပေးတတ်တယ်။ လိင် အင်္ဂါအပေါ် ဘယ်လိုမှ သက်ရောက် မှုမရှိနိုင်ပါ။

(၈) အချို့လူတွေ အိပ်ရာထဲ ဘယ်တော့မှ သုတ်မလွှတ်ပါ။ အ ချို့သူတွေ စိတ်ထိန်းနိုင်သူတွေ၊ ဘာသာရေးဆရာတွေမှာ သုတ် လွှတ်ခြင်း မဖြစ်တတ်ပါ။ အချို့ ဟော်မုန်းချို့တဲ့မှုကြောင့် လူပျို၊ အ ပျိုဖြစ်နောက်ကျသူတွေမှာ အိပ်နေ ရင်း သုတ်လွှတ်တာနည်းပါတယ်။

(၉) အိပ်ရာထဲသုတ်လွှတ်တာ ဟာ လိင်တံတောင့်တင်းလို့ချည်း မဟုတ်ဘူး။ လိင်တံမတောင့်တင်း လဲ ဖြစ်တတ်တယ်။

(၁၀) အစာအိမ်ထဲမှာ အစာ မရှိတာက ညဘက်သုတ်လွှတ်ခြင်း ကို လျော့ကျစေပါတယ်။ ဗုဒ္ဓဘာ သာဝင် ဥပုသ်စောင့်ထိန်းသူများ၊ ရဟန်း၊ ကိုရင်များ၊ သီလရှင်များ ဟာ ညဘက် ထမင်းမစားတာ ကြောင့် သုတ်လွှတ်ခြင်းမရှိတတ် ဘူး။ ပုံမှန်ထက်များနေသူတွေကို စိတ်လှုပ်ရှားမှုနည်းစေဖို့ တရား ဓမ္မကျင့်ကြံစေခြင်း၊ စိတ်ပညာရှင် နှင့် ပြသစေခြင်း၊ သားဖွားမီးယပ် နှင့်ပြသစေခြင်း၊ မိသားစုဆရာဝန် နှင့် ပြသစေခြင်းတို့ ဆောင်ရွက် နိုင်ပါတယ်။

ဒေါက်တာသက်လွင်

(ပြည်သူ့ကျန်းမာရေး)

Health Care