တာရှည်စွာစွဲနေတဲ့ အိပ်မပျော်ခြင်းကို စိတ်ဓာတ်ကျခြင်းရဲ့ လက္ခဏာတစ်ခုအဖြစ် ယူဆကြတယ်။ ဒါပေမဲ့ လေ့လာရေးအသစ်နှစ်ခုက ၎င်းဟာ စိတ်မရွှင်ပျခြင်းကိုလည်း ဖြစ်စေနိုင်တယ်လို့ ညွှန်ပြတယ်။ အိပ်မပျော်ခြင်းဟာ စိတ်ဓာတ်ကျခြင်းရဲ့ အဓိကအကြောင်းရင်းခံဖြစ်တယ်လို့ University of Rochester မှ ဒါရိုက်တာမိုက်ကယ်ပါလစ်က ဆိုတယ်။

ကျန်းမာသောအသက်ကြီးသူ ၁၄၇ ဦးအား လေ့လာရာတွင် ညအခါ အိပ်ရာမှ မကြာခဏနိုးသော အမျိုးသမီးတွေဟာ ကောင်းကောင်းအိပ်ပျော်တဲ့သူတွေထက် စိတ်ဓာတ်ကျခြင်း ဖြစ်နိုင်ခြေ (၆) ဆခန့်ရှိကြောင်း ၎င်းကတွေ့ရှိတယ်။ စိတ်ကျရောဂါအတွက် ကုသမှုခံယူနေသော အသက်ကြီးသူ ၁၂၂၁ ဦး၏ ဒုတိယလေ့လာရေးတွင် အိပ်မပျော်တဲ့လူတွေဟာ အိပ်ပျော်သူတွေထက် (၆) လကြာပြီးနောက် စိတ်ဓာတ်ကျမှု ဖြစ်နေဆဲ (၁၂)ဆ ရှိကြောင်းနဲ့ တစ်နှစ်ကြာပြီးနောက် စိတ်ဓာတ်ကျမှု ဖြစ်နိုင်ခြေ (၁ဝ)ဆကျော်ရှိကြောင်း တွေ့ရ တယ်။

အိပ်မပျော်မှုကိုကုသခြင်းဟာ စိတ်ဓာတ်ကျခြင်းကို အမှန်တကယ်ကာကွယ်နိုင်သလားဆိုတာ သုတေသီတွေ လေ့လာဖို့လိုအပ်လိမ့်မယ်။ ဒီအချိန်အတောတွင်း အိပ်မပျော်တဲ့ပြဿနာတွေ ထပ်တလဲလဲဖြစ်တာနဲ့ ပတ်သက်ပြီး စိတ်ပူပန်နေရင် ဆရာဝန်နဲ့ဆွေးနွေးကြည့်ပါ။ ဆရာဝန်က ဆေးဝါးဖြင့်ကုသခြင်း ဒါမှမဟုတ် သိမြင်တတ်တဲ့ အပြုအမူဆိုင်ရာ ကုသမှုကိုညွှန်းနိုင်တယ်။

စိတ်ဓာတ်ကျခြင်းအတွက် ကုသမှုခံယူနေပြီး သင်ဟာ ကောင်းကောင်းအိပ်မပျော်တာဖြစ်နေရင် မျက်စိကြောင်ပြီး အိပ်မပျော်ခြင်းကို ကုသမှုနဲ့လည်းပတ်သက်၍ပြီး ဆရာဝန်အားမေးမြန်းပါ။

နှင်းအေးဝေ

Health Care