မင်္ဂလာပါဆရာ မေးခွန်းတွေ ခဏခဏမေးရတာ အားနာပါ တယ်။ အမြဲစေတနာထားပြီး ဖြေ ပေးတာကိုလည်း ကျေးဇူးတင်ပါ တယ်ဆရာ။ ကိုယ်ဝန် ၃၈ ပတ်၊ အသက် ၂၅ ပါဆရာ။ ပေါင်ခွကြား နှစ်ခုဆုံရာနေရာက ခြေထောက် မြှောက်လို့ မရအောင်အရမ်းနာ ပါတယ်ဆရာ။ ဘာဖြစ်လို့ပါလဲ ရှင့်။

Ibuprofen 200 mg တနေ့ ၁-၂-၃ ကြိမ်သောက်နိုင်။ အနာ-အကိုက်-အဖျားသက်သောဆေး ဖြစ်တယ်။ အနာကို သက်သာစေတဲ့ အဆင့် = ၃့၅ ရှိတယ်။ ကိုက်ခဲခြင်း၊ အအေးမိ၊ သွားကိုက်၊ ခါးနာရောဂါ၊ ကြွက်သားနာ၊ ရာသီလာစဉ်နာ၊ ကိုယ်ပူ၊ လေးဘက်နာ၊ အဆစ်နာ တွေကို ပေးတယ်။

အဲ့လိုဆေးတွေကို Non-steroidal anti-inflammatory drugs (NSAIDS)လို့ခေါ်တယ်။ သူတို့က နေ Prostaglandins ဓါတ်ထုတ် လုပ်တာကို တားတယ်။ အစာလမ်း ကအဖုံးလွှာကို အက်စစ်ဓါတ်ကို ပျယ်စေအောင် လုပ်ပေးနေတာမို့ အစာလမ်းမှာ အနာဖြစ်လာရတာ ပါ။ အဲ့လိုအနာသက်သာဆေး ၁ နှစ်ကျော် သောက်နေသူတွေထဲက ၁-၂ ရာခိုင်နှုန်းမှာသာ အစာလမ်း မှာ အနာဖြစ်ပါတယ်။ ဒီလိုဖြစ်မှာကို သက်သာစေဖို့ လေဆေးလို ဆေး မျိုးနဲ့ တွဲသောက်ရမယ်။ Protonpump inhibitors ဆေးအမျိုးအစား ဥပမာ Prevacid (lansoprazole) နဲ့ တွဲသောက်သင့်တယ်။  Cimetidine (Tagamet, Parental) 400 mg စားဆေး တနေ့ ၂ ကြိမ်၊ အိပ်ရာဝင်။ Ranitidine 150 mg စားဆေး အိပ်ယာဝင်။ Omeprazole 40 mg တနေ့ ၁ ကြိမ် အစာမစားမီ၊ ၄-၈ ပါတ်ကြာ။ Pantoprazole 40 mg တနေ့ ၁ ကြိမ် ၄-၈ ပါတ်။

ဘေးထွက်ဆိုးကျိုးများ 

အလာဂျီရခြင်း၊ ပန်းနာ၊ ဗိုက်အောင့်၊ ဝမ်းချုပ်၊ ရင်ပူ၊ အန်၊ ခေါင်းမူး၊ ခေါင်းကိုက်၊ မျက်စိဝေဝါး၊ နား လေထွက်၊ ဝမ်းပျက်၊ လေထ၊ အစာမကျေ၊ ခေါင်းမူး၊ စိတ် လှုပ်ရှား၊ နားထဲအသံတွေကြား၊ ဆေးမတည့်ရင် အနီပြင်ထွက်၊ ကိုယ်ပူ၊ ကိုယ်ရောင်စတာတွေဖြစ် မယ်။ သိပ်ဆိုးရင် (ရှော့ခ်) လိုဖြစ် မယ်။ အသည်းထိခိုက်။ ကိုယ်ဝန် တတိယ ၃ လနောက်ပိုင်း မပေး သင့်။

စတီးရွိုက်မပါတဲ့ အနာအကိုက်အဖျားသက်သာဆေးများ

၁။ Ibuprofen ကို နာခြင်း အမျိုးမျိုး၊ အဖျား၊ နာတာ၊ နာတာ၊ ရောင်တာ၊ အရိုးရောင်တာနဲ့(ရူမက်တစ်) အဆစ်နာ၊ ခေါင်းကိုက်၊ ကြွက်သားနာ၊ အအေးမိ၊ သွား ကိုက်၊ ရာသီလာစဉ်နာ၊ ခါးနာတာ တွေအတွက် သုံးတယ်။ အစား ဒါမှမဟုတ် နွားနို့နဲ့ သောက်ရမယ်။ အချိန်မှန် အချိန်တူ သောက်သင့် တယ်။ Ibuprofen, Ibugesic 200-400-800 mg TDS/QID ကလေး၊ ၆ လ မှ ၁၂ နှစ်၊ ၅-၁ဝ မီလီ ဂရမ်/ကေဂျီ၊ အများဆုံး တနေ့ ၃့၂ ဂရမ်၊ (၁ဝ) ရက်ထက် မကျော် စေရ။

၂။ Dipyrone (Analgin, Alalgesin) 500-1000 mg တနေ့ ၄ ကြိမ်စားဆေး။ 0.8 အသ 1.6 GIV/IM ထိုးဆေး။ IV ဘေးထွက်ဆိုးကျိုး = (ရှော့ခ်) ၊ အရေပြားနီ၊ သွေးဖိ အားကျ၊ ဆီးနီ။

၃။ Aspirin = Disprin (Barbiturate), Sodium Salicylate, Acetylsalicylic acid (ရူမက်တစ်) ခေါ် လေးဘက်နာ ရောဂါ၊ အနာ-အကိုက်-အဖျား-အရောင်၊ ခေါင်းကိုက်ခြင်း၊ အရိုး တီဘီ၊ ဂေါက်၊ လူကြီး 325-500-650-1000 mg တနေ့ ၃-၄ ကြိမ်။ ကလေး 160-240-320-325-480 mg တနေ့ ၄ ကြိမ်။ သွေးခဲသဖြင့် သွေးကြောပိတ်ခြင်း = လူကြီး 81-162.5-325-1000 mg နေ့စဉ် (သို့) တရက်ခြား။ ရက်တို ရူမက်တစ် အဖျား = Aspirin 10-15 mg/kg တနေ့ ၄ ကြိမ်။ နှလုံးရောဂါ (Attack, Stroke) ရခြင်း = Aspirin 300-600 mg တနေ့ ၄ ကြိမ်။

၄။ Dextropropoxyphene + Ibuprofen (Ibu-Proxyvon, Ibuprofen, Ibugesic) စားဆေး-လိမ်းဆေး၊ 200-400 mg  ၄-၆ နာ ရီခြား။ 300-800 mg ၃-၄ နာရီ တခါ။ ကလေး 5-10-20-30 mg/kg နဲ့ 8-12 years = 600-800 mg 3-7 years = 300-400 mg; 1-2 years = 150-200 mg; 6-12 months = 150 mg သောက်ပါ။

၅။ Diclofenac (Na) 25-75 mg BD စားဆေး-ထိုးဆေး၊ Voltaren = 50-75 mg တနေ့ ၂-၃ ကြိမ်။ Voltaren-XR = 100-200 mg တနေ့ ၄ ကြိမ်။ Diclofenac ထိုးဆေး = 25-50-75 mg in 5 % Glucose တနေ့ ၄ ကြိမ်။ Diclofenic 3% = (အက်ဖ်သပ်စ်-အာလ်ဆာ) လိမ်း ဆေး၊ Emflam = Diclofenac 75-150 mg  ခွဲသောက်ပါ။ ဘေးထွက်-ဆိုးကျိုး = ပျို့-အန်၊ ခေါင်း ကိုက်၊ အစာအိမ်အောင့်၊ အနီပြင် ထွက်၊ ကိုယ်ရောင်၊ အသည်း-ကျောက်ကပ် ထိခိုက်။

၆။ Naproxen = အဆစ်နာ၊ အဆစ်ခိုင်နာ၊ အရွတ်နာ၊ အဆစ် အကာနာ၊ ဂေါက်၊ ရာသီလာစဉ် နာတာတို့ကိုပေးတယ်။

၇။ Nimesulide = လူကြီး 100 mg တနေ့ ၂ ကြိမ်။ ကလေး 5 mg/kg ကို ၂-၃ ကြိမ်ခွဲတိုက်ပါ။

၈။ Paracetamol, Acetaminophen, Crocin, Paracin အစာအိမ်နာရှိသူများအတွက် စိတ်ချရတယ်။ လူကြီး 500 mg တနေ့ ၄ ကြိမ်။ ကလေး 12 mg/kg တနေ့ ၄ ကြိမ်။ ဘေးထွက်-ဆိုးကျိုး = ပျို့-အန်၊ ဗိုက်အောင့်၊ အနီပြင်ထွက်၊ သရက်ရွက်ကြီး။

Dr.တင့်ဆွေ

Health Care