လေ့လာမှုသစ်ကို ဂျပန်မှာ ပြုလုပ်ခဲ့ရာ အိုသွေးအုပ်စုဝင်တွေဟာ ပြင်းထန်တဲ့ ထိခိုက်ဒဏ်ရာရစေမှုများပြားကြောင်း တွေ့ရှိခဲ့ကြတယ်။ သွေးအုပ်စု (၄)မျိုးရှိရာ သွေးအမျိုးအစား အေ၊ ဘီ၊ အေဘီ နှင့် အိုအုပ်စု တစ်ခုခုမှာ ပါဝင်နေကြတယ်။ မိဘတွေရဲ့ သွေးအမျိုးအစား “ဗီဇ”က သားသမီးမှာ ဆက် ခံခွင့်ရှိနေတယ်။ ယခင်ထိခိုက်ဒဏ် ရာ ရရှိတဲ့လေ့လာမှုတွေ ရှိခဲ့ဖူးပြီး ယခု သွေးအုပ်စုလေ့လာမှုက တန် ဖိုးရှိတယ်။

သွေးအုပ်စုခွဲရာမှာ ခန္ဓာကိုယ် သွေးရည်ကြည်မှ ပဋိလှုံ့ပစ္စည်း (Antigen) က စမ်းသပ်သွေးရည်ကြည် ပဋိပစ္စည်း (Antibody) နဲ့ ဓာတ်ပြုမှုအပေါ်မူတည်ကာ သွေး အုပ်စုခွဲထားခြင်းဖြစ်တယ်။ သွေး အုပ်စုအေမှ ပဋိလှုံ့ပစ္စည်း (A) က “ပလပ်စမာဘီ” နှင့် ဓာတ်ပြုမှုပေး တယ်။ ပလပ်စမာ “အေ” နှင့် ဓာတ်ပြုခြင်းမရှိလို့ သွေး (A) ဖြစ်တယ်။ သည်လိုပဲ သွေးအုပ်စုဘီမှ ပဋိလှုံ့ ပစ္စည်း(B) ကလပ်စမာ “ဘီ” (Plasma B) နှင့် ဓာတ်ပြုခြင်းမရှိ အေနှင့် သာ ဓာတ်ပြုမှုရှိလို့ သွေးအုပ်စု “ဘီ” အမျိုးအစားဖြစ်တယ်။ ပလပ်စမာ အေ နှင့် ဘီ(Plasma A & B) တို့ ဓာတ်ပြုခြင်းရှိခဲ့ရင် ယင်းသွေးအုပ် စုမှာ “အေဘီ” ဖြစ်ပြီး၊ ပလပ်စမာ အေနှင့် ဘီ(Plasma A & B) တို့ ဓာတ် ပြုခြင်းမရှိခဲ့ရင် ယင်းသွေးအုပ်စုမှာ “အို” (Blood Group O) ဖြစ်တယ်။

“အိုသွေးအုပ်စု” က အမေရိကန်ပြည်သူထက်ဝက်မှာရှိပါတယ်။ ယင်းသွေးအုပ်စုပိုင်ရှင်တွေဟာ ဆေးရုံအတက်ရဆုံး၊ ထိခိုက်ဒဏ် ရာအဖြစ်ဆုံး၊ အစိုးရိမ်အပူပန်ဆုံး သူတွေ ဖြစ်နေတတ်လို့ ထိခိုက်ဒဏ် ရာရများနေပါတယ်။ အိုသွေးအုပ်စုရှင်တို့ဟာ သူ များနှင့်မတူ “အပူမီးဝိုင်း” နေသလို ပျာယီးပျာယာ လုပ်ကိုင်တတ်ကြတယ်။ ဘယ်အလုပ်မဆို စိတ်မချ ဖြစ်ကာ ပြန်ကြည့်တတ်တဲ့သွေးအုပ် စုပိုင်ရှင်တွေဖြစ်လို့ မကြာခဏ ထိခိုက်ဒဏ်ရာရတတ်ပါတယ်။ ကာလရှည် မစွမ်းမသန်ဘဝထိ ရောက် သွားတတ်ပါတယ်။

သုတေသီ ဒေါက်တာဝါတာလူ တာကာရာမ (Dr. Wataru Taka) ဂျပန်နိုင်ငံ၊ တိုကျိုဆေးပညာနဲ့ (သွား/ဆေး) တက္ကသိုလ်ဆေးဘက်ဌာနက သွေးအုပ်စုများ၊ ထိခိုက်ဒဏ်ရာရမှုများ၊ သေဆုံးရမှုများနဲ့ပတ်သက်ပြီး မှတ်တမ်းလေ့လာခဲ့ ရာမှ “အို” သွေးအုပ်စုက ထိခိုက်ဒဏ်ရာရ သေဆုံးနိုင်ခြေများကြောင်း ကောက်ချက်ဆွဲနိုင်ခဲ့တာ ဖြစ်တယ်။

ဒေါက်တာသက်လွင်

(ပြည်သူ့ကျန်းမာရေး)