လေ့လာမှုသစ်တစ်ခုအရ စိတ် ဓာတ်ကျခြင်းနဲ့အတူ နေထိုင်နေတဲ့ လူတွေနဲ့ စိတ်ဓာတ်ကျခြင်းမရှိတဲ့ လူတွေကို ယှဉ်ကြည့်ရင် ကလေး ဘဝက ဦးခေါင်းနာကျင်ထိခိုက်မှု ဖြစ်ခဲ့ရင် ပိုဆိုးရွားစေတယ်လို့ဆိုပါ တယ်။ သည့်ပြင် မျိုးရိုး နဲ့ ဗီဇမှား ယွင်းခြင်းကြောင့်လည်းဖြစ်နိုင်ပါ တယ်။ အရွယ်မတိုင်မီ စိတ်ဓာတ် ကျခြင်းက ယင်းကို ပိုမိုဆိုးရွားစေ တယ်။ လွန်ခဲ့သောနှစ်က အရွယ်ရောက်ပြီးသူ ၁၆ သန်းဟာ တစ် ကြိမ်ကြိမ်မှာ စိတ်ဓာတ်ကျခြင်း တစ်ခါ ကြုံဖူးလိမ့်မယ်။ ယင်းအ ခြေအနေက များပြားလှတဲ့ဆိုး ကျိုးတွေ ရှိနိုင်ပြီး အသက်တိုခြင်း၊ နှလုံးသွေးကြောရောဂါပြဿနာ တွေရှိတတ်ပါတယ်။

သုတေသနသစ်အရ အရွယ် မတိုင်မီ စိတ်ဓာတ်အကြီးအကျယ် ကျခြင်းမျိုးဖြစ်နိုင်တယ်လို့ဆိုတယ်။ သိပ္ပံပညာရှင် Dr. Laura Han နယ်သာ လင်နိုင်ငံ၊ အမ်စတာဒမ်တက္ကသိုလ် က လူသားတွေရဲ့ (DNA) ပုံစံတွေ လေ့လာခဲ့ပြီး စိတ်ဓာတ်ကျခြင်းနဲ့ ဆက်နွယ်နေတဲ့ ပုံမှန်မဟုတ်တဲ့ (DNA) မျိုး တွေ့ရှိထားတယ်ဆို တယ်။ ဒေါက်တာ Han နဲ့အဖွဲ့က လူသားတွေရဲ့ (DNA) မှာ တွေ့ရှိ ခဲ့တဲ့ ပုံမမှန်မှုတွေ (၈) လကြာပြီး နောက် စိတ်ဓာတ်ကျခြင်းတွေ ကြုံ ခဲ့ကြရတယ်လို့ဆိုတယ်။

ဒါကို စပိန်နိုင်ငံ၊ ဘာစီလိုနာမြို့ “ဆေးဝါးစိတ်ပညာ အာရုံကြောဗေဒ” ကွန်ဖရင့်မှာ တင်သွင်းခဲ့ကြပြီး အမေရိကန် စိတ်ပညာ ဂျာနယ်မှာ ဖော်ပြထားပါတယ်။

ဒေါက်တာသက်လွင်

(ပြည်သူ့ကျန်းမာရေး)

Health Care